title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
ဒုတိယဗိုလ်ချုပ်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး (အင်္ဂလိပ်: Lieutenant General) ဆိုသည်မှာ စစ်ဖက်ဆိုင်ရာ အဆင့်မြင့်ရာထူးတစ်ခုဖြစ်ပြီး လက်နက်ကိုင်ဆောင်သည့်အဖွဲ့အစည်းများတွင် ခန့်အပ်သောရာထူး ဖြစ်သည်။ ယျေဘုယျအားဖြင့် တပ်မတော်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သည် ဗိုလ်ချုပ်ကြီး (General) အဆင့်အောက်တွင် ရှိပြီး ဗိုလ်ချုပ် (Major General) အဆင့်အထက်တွင် ရှိသည်။ မြန်မာ့တပ်မတော် မြန်မာ့တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးသည် စတုတ္ထမြောက် အမြင့်ဆုံးရာထူးဖြစ်သည်။ ယင်းရာထူးတွင် ခန့်အပ်ခံရသူများသည် စစ်ဆင်ရေး မဟာဗျူဟာရေးဆွဲသူများ၊ နေပြည်တော်အဆင့် စစ်ဘက်စီမံခန့်ခွဲသူများ၊ စစ်ဘက်ဆိုင်ရာအရာရှိချုပ်ရုံးများ၏ အကြီးအကဲများ ဖြစ်ကြပြီး နေပြည်တော်စစ်ရုံးတွင် ရုံးထိုင်ကြသည်။ ခန့်အပ်သည့် စစ်ဘက်ရာထူးများမှာ အောက်ပါအတိုင်းဖြစ်ကြသည်- စစ်ရေးချုပ် စစ်ထောက်ချုပ် စစ်ရာထူးခန့်ချုပ် စစ်ဦးစီးအရာရှိချုပ် စစ်ဥပဒေချုပ် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် စစ်ဆင်ရေးအထူးအဖွဲ့မှူးများ တပ်မတော်မှခန့်အပ်သော အစိုးရဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများကိုလည်း ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထက် မနိမ့်သော အရာရှိကြီးများကိုသာ ခန့်အပ်လေ့ရှိသည်။ မြန်မာ့တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခံရသူများသည် ငါးနှစ်ကာလအတွင်း ရာထူးအတိုးအပြောင်းမရှိခဲ့လျှင် စစ်ဘက်တာဝန်မရှိသည့် အရန်အင်အားသို့ပို့ဆောင်ခြင်း ခံရသည်။ မြန်မာ့တပ်မတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲဖြစ်ခဲ့လျှင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လောင်း ဖြစ်ရန် အလားအလာရှိသည့် အနိမ့်ဆုံးစစ်ဘက်ရာထူးအဆင့် ဖြစ်သည်။
https://my.wikipedia.org/wiki/%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
ပန်ခန်ရွာ၊ ဝမ်ဟိုင်း
ပန်ခန်ရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၄၁၉၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဝမ်ဟိုင်းကျေးရွာအုပ်စုတွင် ကျား ၂၈၃၆ ဦး၊ မ ၂၉၃၆ ဦး၊ လူဦးရေ စုစုပေါင်း ၅၇၇၂ ဦးနေထိုင်သည်။ ကိုးကား ကျေးသီးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%94%E1%80%BA%E1%80%81%E1%80%94%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9D%E1%80%99%E1%80%BA%E1%80%9F%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
မကြီးချို (မြောက်)ရွာ၊ မြို့သစ်မြို့နယ်
မကြီးချို (မြောက်)ရွာ ()သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မကြီးချိုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၅၆၂၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မကြီးချိုကျေးရွာအုပ်စုတွင် ကျား ၁၆၇၄ ဦး၊ မ ၂၁၉၉ ဦး၊ လူဦးရေ စုစုပေါင်း ၃၈၇၃ ဦးနေထိုင်သည်။ ကိုးကား မြို့သစ်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AD%E1%80%AF%20%28%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%9E%E1%80%85%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဗယ်လေ
ဗယ်လေသည် အနောက်တိုင်း သဘင်လောက၌ ထင်ရှားသော ပြဇာတ် တမျိုးဖြစ်သည်။ တဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့နှင့်သော်လည်းကောင်း ကပြကြရသည်။ အများစုသိသော ဘဲလေးအကနှင့် မတူကွဲပြားသည်။ တစ်နည်းအားဖြင့် ဗိုက်သားလှုပ်အကဟုလည်း ခေါ်ကြသည်။ အခေါ်အဝေါ် ဗယ်လေသည် ပြင်သစ်စကားလုံးဖြစ်၍ ရှေးလက်တင်စကား "ဗယ်လာရီ"(ကရန်)မှ ဆင်းသက်လာသည်။ ဇာတ်လမ်းဇာတ်ကွက်ကို၎င်း၊ ဇာတ်ကောင်၏ စိတ်အခြေအနေကို ၎င်းအဆိုအပြောမပါဘဲ အကနှင့် ဟန်အမူအရာတို့ဖြင့် သရုပ်ဖော် အကဟု ဆိုကြသည်။ ဗယ်လေတွင် အဓိကအချက်သည် ဂီတဖြစ်သည်။ အချို့က ဗယ်လေသည် တေးဂီတကို သရုပ်ဖော်သော အကဟု ဆိုကြသည်။ ဗယ်လေတခုအတွက် ယင်းနှင့်ဆိုရာ တေးဂီတတို့ကို စပ်ဆိုကြရသည်။ တစ်ခါတရံ ဇာတ်လမ်းပါသော တေးဂီတတို့ကို ဗယ်လေဖြင့် သရုပ်ဖော်ကြသည်။ တေးဂီတအပြင်၊ အဝတ်အစား၊ အခမ်းအနား၊ အလင်းအမှောင်၊ မီးရောင်အယူအဆတို့သည်လည်း ဗယ်လေအတွက် အရေးပါသော အစိတ်အပိုင်းများ ဖြစ်ကြလေသည်။ ဗယ်လေကပွဲအတွက် ကကြိုးကကွက် ဟန်အမူအရာ စသည်တို့ကို တီထွင်စီစဉ်ညွှန်ကြားသူအား ကော်ရီယိုဂရပ်ဖာ၊ သို့မဟုတ် ဗယ်လေဒါရိုက်တာ ဟု ခေါ်သည်။ ထူးချွန်သော ကော်ရီယိုဂရပ်ဖာများ၏ ထွင်ဉာဏ်၊ ပြင်ဉာဏ်တို့ကို အကြောင်းပြု၍ ဗယ်လေတွင် တိုးတက်မှုများစွာ ရှိခဲ့လေသည်။ ဗယ်လေသည် ရှေးရောမနှင့် ဂရိတို့၏ ပန်တိုမိုင်းခေါ် ဟန်ဇာတ်တစ်မျိုးမှ ဆင်းသက်လာ၍ အီတလီနိုင်ငံတွင် ခရစ်နှစ် ၁၄၅၀ ခန့်ကစပြီး ပေါ်ပေါက်လာသည်။ အလွန်ငွေကုန်ကြေးကျများသော ကပွဲမျိုးဖြစ်၍ ထိုစဉ်က မင်းစိုးရာဇာ အထက်တန်းစားလောက၌သာ ခေတ်စားခဲ့သည်။ နောက် အနှစ်တရာခန့်အတွင်း ဗယ်လေသည် အီတလီနိုင်ငံတွင် ဖွံ့ဖြိုး ထွန်းကားလာသည်။ ၁၆ ရာစု အစပိုင်းတွင် အီတာလျံ မင်းသမီး ကတ်သရင်းဒါမဲဒီချီသည် ပြင်သစ်လုရင်၏ မိဖုရားဖြစ်လာသောအခါ ဗယ်လေသည် ပြင်သစ်နန်းတွင်း၌ ခေတ်စားလာသည်။ ယင်းသို့ဖြင့် ဗယ်လေသည် အီတလီနိုင်ငံမှတဆင့် ပြင်သစ်နိုင်ငံသို့ ကူးစက်ပျံ့နှံ့သွားသည်။ ပြင်သစ်ဘုရင် ၁၄ဆက်မြောက် လူဝီသည် ဗယ်လေကို ချီးမြှင့်မြှောက်စားသည်။ ကိုယ်တော်တိုင် ဗယ်လေကဇာတ် တစ်ခု၌ ခေါင်းဆောင်ပါဝင်ခဲ့သည်။ လူဝီဘုရင်သည် ဂီတနှင့် အကအကယ်ဒမီကျောင်းများကို တည်ထောင်ခဲ့ရာ၊ ထိုကျောင်းသည် ခေတ်သစ်ဥရောပ ဗယ်လေစတင်ပေါက်ဖွားရာဌာန ဖြစ်ခဲ့သည်။ ထို့ပြင် ဗယ်လေသည် တော်သုံးအဖြစ်မှ လူထုသုံး သဘင်တရပ်လည်း ဖြစ်လာလေသည်။ ထိုစဉ်က ဗယ်လေတွင် အကတလှည့် အဆို၊ သို့မဟုတ် လင်္ကာရွတ်ခြင်းတလှည့်ဖြစ်သည်။ ၁၆၀၀ ပြည့်နှစ်ခန့်တွင် အော်ပရာခေါ် ဂီတပြဇာတ်ကို စတင်ရေးသားပြသခဲ့ရာ၊ ဗယ်လေကို အော်ပရာဇတ်ကွက်အလယ်၌သော်လည်းကောင်း၊ ခေတ္တရပ်နားချိန်ပသော်လည်းကောင်း ကပြ အသုံးတော်ခံလေ့ရှိကြသည်။ ၁၆ ရာစုနှစ်အတွင်း ကြေးသားဗဘ်လေ ကခြေသည်များပေါ်ပေါက်လာသည်။ ပထမတွင် အမျိုးသား၊ နောင်အခါ အမျိုးသမီး ကခြေသည်များ ပါရှိလာသည်။ ၁၄ ဆက်မြောက် လူဝီဘုရင်၏ လက်ထက်တွင် ဖွံ့ဖြိုးခဲ့သော ဗယ်လေသည် နောင်အခါတွင် စည်းကမ်းစနစ်၊ အသိုင်းအဝိုင်းများ များလွန်းပြီးလျှင် သမရိုးကျအတိုင်း ရှိနေ၍ မတိုးတက်ဘဲ နေခဲ့ရာ ၁၈ ရာစုနှစ်ထဲတွင် ဇန်းဇော့ဇက်နိုဗားသည် ဗယ်လေကို အဆိုအပြောမပါဘဲ အကနှင့် ဟန်အမူအရာ သက်သက်ဖြစ်အောင် ပြုပြင်လိုက်သည်။ ဗယ်လေ ကပြသူတို့အား ရှေးစံနစ်ဖြစ်သော မျက်နှာဖုံးစွပ်ခြင်းကိုလည်း မပြုစေတော့ပေ။ ထို့ပြင် အဝတ်တန်ဆာများကို ပို၍လှပအောင် ပြုပြင်ပြီးလျှင် အမူအရာတို့ကို ပို၍ သဘာဝကျစေခဲ့သည်။ ၁၈ ရာစုနှစ် အလယ်ပိုင်းလောက်တွင် ဗယ်လေသည် ဥရောပတိုက်၌ အတန်ငယ် ခေတ်တိမ်လာသည်။ ယင်းသို့ မှေးမှိန်လာသော ဗယ်လေကို ပြန်လည် အရောင်ထွက်စေသူမှာ ရုရှမှ ကောရီယိုဂရပ်ဖာ(ဗယ်လေဒါရိုက်တာ) တစ်ဦးဖြစ်သော မီရှယ် ဖိုးကင်းဖြစ်သည်။ မီရှယ် ဖိုးကင်းသ ည် ရှေးရိုးဗယ်လေကို ဆန်းသစ်လှသော ဗယ်လေသဘင်ဖြစ်လာအောင် စီစဉ်မွမ်းမံတီထွင်လိုက်သည်။ ဗယ်လေကဇာတ်သည် ရုရှားသို့လည်း ပြန့်ပွားရောက် ရှိခဲ့ရာ ၁၇၃၅ ခုနှစ်ခန့်က ရုရှားတွင် အင်ပီးရီးယယ် ဗယ်လေအတတ်သင်ကျောင်းတည်ထောင်ခဲ့သည်။ ထိုကျောင်း၌ သင်ပြသော ဆရာကောင်းများကြောင့် ရုရှားနိုင်ငံတွင် ဗယ်လေသည် များစွာတိုးတက်ခဲ့သည်။ နိုင်ငံ၇ပ်ခြားမှ ဗယ်လေဒါရိုက်တာ အကျော်အမော်တို့သည် ရုရှဗယ်လေကို အဆင့်အတန်း မြင့်သည်ထက် မြင့်အောင် ဖန်တီးသင်ကြားပေးကြသည်။ သို့သော် ၁၈ ရာစုနှစ်အလယ်ပိုင်းတွင် ဗယ်လေသဘင် ညှိုးမှိန်လာရာ မီရှယ်ဖိုးကင်းက ပြန်လည်မြှင့်တင်ပေးခဲ့လေသည်။ မီရှယ်ဖိုးကင်းသည် ဆီယာဂျီ ဒယာဂျီလျက် စီမံအုပ်ချုပ်သော ဗယ်လေအဖွဲ့ကို ၁၉၀၉ ခုနှစ်တွင် ပါရစ်မြို့၌ ပွဲထုတ်စေခဲ့ရာ၊ ဆန်းသစ်လှပသော ရုရှဗယ်လေသည် အလွန်ကျော်ကြားသွားလေသည်။ ယင်းအဖွဲ့တွင် အမျိုးသားဗယ်လေအကဝိဇ္ဇာ ညီဇင်းစကီးနှင့် အမျိုးသမီး ဗယ်လေအကဝိဇ္ဇာ အန္ဒာ ပါဗလိုဗာတို့ ပါဝင်သည်။ ယင်းတို့အဖွဲ့ ကပြတင်ဆက်သော ဗယ်လေကဇာတ်တို့မှာ ရှီဟာရာဇားဒီး၊ ပထရောရှကား၊ မီးငှက်၊ ငန်းရေအိုင် စသည်တို့ဖြစ်၍ ထူးကဲလှပတင့်ဆန်း လှပေသည်။ ယင်းတို့ကို နှစ်ပေါင်းများစွာ မရိုးတမ်း ကပြခဲ့ရ လေသည်။ ဒယာဂျီလျက် ခေါင်းဆောင်သော ယင်းတို့အဖွဲ့သည် အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စု၌ လည်း ကပြအသုံးတော်ခံခဲ့၍ အလွန်တရာ ချီးကျူးအားပေးမှုကို ခံခဲ့ရပြီးသော် ကမ္ဘာကျော်ကြားခဲ့လေသည်။ ကိုးကား အာရပ် ယဉ်ကျေးမှု တူရကီ ယဉ်ကျေးမှု အရှေ့အလယ်ပိုင်း၏ အကများ
https://my.wikipedia.org/wiki/%E1%80%97%E1%80%9A%E1%80%BA%E1%80%9C%E1%80%B1
ဖလန်နယ် ပိုးဖလံ
ဖလန်နယ် ပိုးဖလံ (Flannel Moth) သို့မဟုတ် အရေးအကြောင်းပါ ဖလန်နယ် ပိုးဖလံများ (သိပ္ပံအမည်: မီဂလိုပီဂျီဒေး - Megalopygidae)သည် ပိုးဖလံမျိုးရင်း တစ်မျိုးဖြစ်သည်။ ၎င်းတို့ကို မြောက်အမေရိက(မျိုးစိတ် ၁၁ မျိုး)နှင့် ကမ္ဘာသစ် အပူပိုင်းဒေသတွင် တွေ့ရသည်။ ပိုးလောင်းများကို ကြောင်ကလေးပေါက်ဖတ်(ပတ်စ် ကက်တာပီးလား)ဟု ခေါ်ပြီး၊ အမွေးရှည်များရှိသောကြောင့် ဝါဂွမ်းလုံးများနှင့်တူသည်။ အဆိပ်ပါသော ဆူးများရှိပြီး၊ ထိုးမိလိုက်ပါက နာကျင်စေပြီး၊ ရက်ပေါင်းများစွာကြာအောင် ရောင်ရမ်းခြင်းဖြစ်စေတတ်သည်။ အချို့ဖြစ်ရပ်များ၌ ဆူးဖြင့်ထိုးခံရ၍ ခေါင်းကိုက်ခြင်း၊ နှာမွန်ခြင်းနှင့် ရင်တုန်ခြင်းကဲ့သို့သော လက္ခဏာများပြတတ်သည်ဟုလည်း သိရသည်။ ဆူးနှင့် ထိုးရာ၌ နာမည်ဆိုး အထွက်ဆုံးမှာ မီဂလိုပီဂဲ အိုပါကယူလရစ် ခေါ်သော ပေါက်ဖတ်ဖြစ်သည်။ Genera Aithorape Cephalocladia Coamorpha Edebessa Endobrachys Eochroma Hysterocladia Macara Malmella Megalopyge Mesoscia Microcladia Microrape Norape Norapella Podalia Proterocladia Psychagrapha Repnoa Thoscora Trosia Vescoa Zyzypyge ကိုးကား Natural History Museum genus database BugGuide USGS--Caterpillars of Eastern Forests Auburn University Moths of Borneo—lists the family as neotropical Virginia Tech Cooperative Extension Ohio State University
https://my.wikipedia.org/wiki/%E1%80%96%E1%80%9C%E1%80%94%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%20%E1%80%95%E1%80%AD%E1%80%AF%E1%80%B8%E1%80%96%E1%80%9C%E1%80%B6
NGC 503
NGC 503 သည် မိန် နက္ခတာရာမှ ဘဲဥပုံစံ ဂလက်ဆီဖြစ်ပြီး နေအဖွဲ့အစည်းမှ အလင်းနှစ် ၂၆၅ မီလီယံ ကွာဝေးသည်။ ယင်းအား ၁၈၆၃ ခုနှစ်တွင် ဂျမန်လူမျိုး နက္ခတ္တပညာရှင် Heinrich Louis d'Arrest ဆိုသူက ရှာဖွေတွေ့ရှိခဲ့သည်။ ကိုးကား မိန် နက္ခတ်တာရာ
https://my.wikipedia.org/wiki/NGC%20503
ရှမ်းကန် (တောင်)ရွာ၊ စဉ့်ကိုင်မြို့နယ်
ရှမ်းကန် (တောင်)ရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရှမ်းကန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၀၇၂၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရှမ်းကန်ကျေးရွာအုပ်စုတွင် ကျား ၁၅၂၆ ဦး၊ မ ၁၅၇၉ ဦး၊ လူဦးရေ စုစုပေါင်း ၃၁၀၅ ဦးနေထိုင်သည်။ ကိုးကား စဉ့်ကိုင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%80%E1%80%94%E1%80%BA%20%28%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%85%E1%80%89%E1%80%B7%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဝမ်ကြိမ်ရွာ၊ မိုင်းပျဉ်းမြို့နယ်
ဝမ်ကြိမ်ရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ပျက်ကန့်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၄၁၇၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပျက်ကန့်ကျေးရွာအုပ်စုတွင် ကျား ၂၅၃၇ ဦး၊ မ ၂၅၈၃ ဦး၊ လူဦးရေ စုစုပေါင်း ၅၁၂၀ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွားပြီ ဖြစ်သည်။ ကိုးကား မိုင်းပျဉ်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%99%E1%80%BA%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BB%E1%80%89%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
၁၃ ဧပြီ
ဧပြီလ၊ (၁၃)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၁၀၃)ရက်မြောက် (ရက်ထပ်နှစ်ဖြစ်လျှင် (၁၀၄)ရက်မြောက်)) နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၂၆၂) ရက် ကျန်သေးသည်။ ဖြစ်စဉ်များ ၁၉၇၅ - ထားဝယ်မြို့၊ ကမျောကင်းတံတား တည်ဆောက်ပြီးစီး ဖွင့်လှစ်။ မွေးဖွားသူများ ကွယ်လွန်သူများ ပွဲတော်ရက်များ ပြင်ပလင့်ခ်များ ရက်စွဲများဧပြီ
https://my.wikipedia.org/wiki/%E1%81%81%E1%81%83%20%E1%80%A7%E1%80%95%E1%80%BC%E1%80%AE
ပေါက်ချောင်းရွာ၊ မြောင်မြို့နယ်
ပေါက်ချောင်းရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ပေါက်ချောင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၂၉၆ ဖြစ်သည်။ ကိုးကား မြောင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ညောင်ဝိုင်းရွာ၊ သိန်ကုန်း
ညောင်ဝိုင်းရွာ၊ သိန်ကုန်း ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9D%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9E%E1%80%AD%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8
ရိုးကံရွာ၊ မိတ္ထီလာမြို့နယ်
ရိုးကံရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ကန်သာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၃၉၁၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကန်သာကျေးရွာအုပ်စုတွင် ကျား ၄၇၅၉ ဦး၊ မ ၅၆၉၄ ဦး၊ လူဦးရေ စုစုပေါင်း ၁၀၄၅၃ ဦးနေထိုင်သည်။ ကိုးကား မိတ္ထီလာမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%80%E1%80%B6%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%90%E1%80%B9%E1%80%91%E1%80%AE%E1%80%9C%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
သီလဝ (ရမည်းသင်းစား)
သီလဝ (သက္ကရာဇ် ???-၇၅၇) သည် အင်းဝခေတ်တွင် ရမည်းသင်း မြို့စားမင်း ဖြစ်သည်။ လက်ရုံးရည် ထူးချွန်ပြီး ဆင်စီး အလွန်တတ်သည်။ မွေးချင်း ညီ မဟာပြောက်နှင့် ညီမ ခမည်းမိ ဟူ၍ မွေးချင်းနှစ်ယောက် ရှိသည်။ ခမည်းမိကို မင်းကြီးစွာစော်ကဲ တောင်နန်းတင်သည်။ မဟာပြောက်မှာ သီလဝလွန်သော် ရမည်းသင်းစား ဖြစ်လာသည်။ ရမည်းသင်းကို စားခြင်း သတိုးမင်းဖျားလက်ထက် ရမည်းသင်းကို စားရသည်။ ဆင် ၆၀၊ မြင်း ၈၀၀ နှင့် ဗိုလ် ၁၀ ၀၀၀ ရှိသည်။ ဘဝရှင်အရာကို ပယ်ငြင်းခြင်း သတိုးမင်းဖျား နတ်ရွာစံသော် မှူးမတ်အပေါင်းညီညွတ်ကြကာ သီလဝအား မင်းပြုရန် တောင်းပန်ကြသည်။ သီလဝလည်း ငါသည် တနေ့ စကားသုံးလေးခွန်းမျှမပြော၊ မင်းအဖြစ်ကို ငါလည်း အလိုမရှိ။ အမြင့်စား တရဖျားစောကဲသည် မင်း၏ယောက်ဖတော်လည်း ဖြစ်သည်။ နှလုံးလက်ရုံးလည်း ကုံသည်။ စော်ကဲကို မင်းမြှောက်လေဟု ဆိုကာ စည်းစိမ်ကို ငြင်းသည်။ ရည်ရွယ်ရင်းမရှိဘဲ သီလဝ၏ အကြံပေးချက်အရ စော်ကဲမင်းဖြစ်ရသည်ကို ရည်၍ မရွယ်ဘဲစော်ကဲမင်းဖြစ် ဟူသောစကား ပေါ်လာလေသည်။ မိုးညှင်းရှမ်းတို့ကို နှိပ်နင်းခြင်း သက္ကရာဇ် ရ၅၄ ခုတွင် မိုးညှင်းရှမ်းတို့သည် ဆင်မြင်းအလုံးအရင်းနှင့် ချီ၍ မြေဒူးကိုတိုက်ကာ ဗမာတို့ကို ထိပါးသည်။ မင်းကြီးစွာစော်ကဲသည် သိင်္ခသူစောနှောင်း၊ အင်းယဉ်တုရင်၊ လယ်ကိုင်းငခရာသား ငရွှေတို့နှင့်အတူ ကိုယ်တော်တိုင် ရေအားကြည်းအားဆန်၍ ခုခံရန်ချီတက်၏။ သို့ရာတွင်သိင်္ခသူစောနှောင်းနှင့် အင်းရည်တုရင်တို့သည် မြင်းကိုသာကျွမ်း၍ ဆင်မှာမကျင်။ လယ်ကိုင်းငခရာသား ငရွှေသည် ကာကိုသာတတ်၍ မြင်း၌မလည်သောကြောင့် ဗမာတပ်ပျက်၍ ဆုတ်ရသည်။ ထိုအခါ မင်းကြီးစွာလည်း အင်းဝကို ခိုင်ခံ့အောင် စီရင်တော်မူ၍ တောင်ငူစား၊ တောင်တွင်းစား၊ ရမည်းသင်းစား၊ ဝတီးစား၊ ညောင်ရမ်းစား၊ ပေါက်မြိုင်စား၊ ပင်လယ်စားတို့ကို စုရုံးသည်။ အများမရောက်မီ ရမည်းသင်းစားသီလဝသည် အပြင်းချီလာ၍ ထီးပေါင်းကားမှ ကူးပြီးလျှင် သိင်္ခသူစောနှောင်းကို မြင်းတင်၍ လက်ယာက နေစေ၏။ အင်းယဉ်တုရင်ကို မြင်းတင်၍ လက်ဝဲက နေစေသည်။ ငခရာသား ငရွှေနှင့်မယားယုံ တိတလတို့ကို ကာကိုင်စေ၏။ သီလဝမှာမူ စောရဲစွာဟူသောဆင်ကိုစီး၍ တိုက်လေသည်။ ရှမ်းတပ် ၁၅ တပ်လုံးပျက်၍ စစ်ကိုင်းမှ ရွာသစ်တိုင်အောင် အလောင်းအတိ ဖြစ်၏။ သုံးခါသာ ရယ်ခြင်း ဘဝတလျှောက်လုံး အောက်ပါ ၃ ကြိမ်တွင်သာ ရယ်ပြုံးဖူးသည်ဟု မှန်နန်း၌ ဆိုသည် − တခါသော် တောတွင်းသားတယောက် ကြက်လက်ဆောင်ဆက်မည်ဟူ၍ လာသည်။ မင်းကိုမမြင်၍ လက်ဆောင်နှင့်ဆင်းသွားသည်ကို စောပုလဲမြင်လျှင် ငါရှိလျက် မပေးဘဲ ပြန်သည်။ မယားဟူသည်ကားယောက်ျားဘုန်းကိုမှီ၍ အသက်မွေးရချေသည်ဟု အသိဝင်သည်။ သီလဝလာသော် ဆီး၍ ရွှေဖလားနှင့် ခြေဆေးပေးသည်။ ထိုအခါ ငါ့မယားကား ယနေ့ အကြောင်းရှိမည်ဟု သိ၍ ပြုံးလေသည်။ တရံတွင် မြို့ထိပ်၌ နေဆာလှုံနေခိုက် လူထွက်တယောက် ဦးရစ်ဗေါင်းထုပ်နှင့်တကွ ကျုံးထဲတွင် ရေငုပ်၍ချိုးသည်ကို မြင်လျှင် ရယ်သည်။ တကြိမ်မှာ ရမည်းသင်းမြို့ဝန်းကျင် ရှမ်းစစ်သည်အထပ်ထပ် ရောက်လာသည်ကို ကြက်ပွဲက မထ။ စောပုလဲလည်း ရင်ဘတ်တီး၍ ရင်ဝတ်အကျွတ်ကျွတ် ဦးဆံဖားလျားဖြင့် လူအပြည့်ရှိသည့် မြို့ပြင်ကြက်ပွဲသို့ ပြေး၍ လာပြောသည်။ ဤတွင် "ငါ့မယား ဗျာပါကြီးလှလေသည်" ဟု ပြုံးရယ်ပြီးလျှင် သူရဲကောင်း မယားယုံ တိတလတို့နှင့် ထွက်တိုက်သည်။ မိသားစုဘဝ မင်းကြီးစွာစော်ကဲ နှမရင်း စောပုလဲနှင့် စုံဖက်ရာ သမီး မင်းလှမြတ်ကို မြင်သည်။ မင်းလှမြတ်မှာ ဆင်ဖြူရှင်တရဖျား၏ မိဖုရားခေါင် ဖြစ်လာသည်။ ဆင်ဖြူရှင်လွန်သော် မင်းလှမြတ်အား မင်းခေါင်ကြီး၊ မိုးညှင်းမင်းတရားတို့ မိဖုရားမြှောက်ကြောင်း ကျောက်စာတို့၌ ဆိုသည်။ ဘဝနိဂုံး သက္ကရာဇ် ၇၅၇ ခုတွင် ကံကုန်သည်။ ကိုးကား မြန်မာ မှူးမတ်များ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AE%E1%80%9C%E1%80%9D%20%28%E1%80%9B%E1%80%99%E1%80%8A%E1%80%BA%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%29
ပို့ချပ်ခေါင်းနီ
ကိုးကား ဘဲ ဘဲမျိုးရင်းဝင် ငှက်များ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AD%E1%80%AF%E1%80%B7%E1%80%81%E1%80%BB%E1%80%95%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%AE
သာထီးတရွာ၊ ရွှေကျင်မြို့နယ်
သာထီးတရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ မဲသောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၉၆၈၄ ဖြစ်သည်။ ကိုးကား ရွှေကျင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AC%E1%80%91%E1%80%AE%E1%80%B8%E1%80%90%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဗြူးချောင်းရွာ၊ တယ်ပင်ဆိပ်
ဗြူးချောင်းရွာ၊ တယ်ပင်ဆိပ် ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%97%E1%80%BC%E1%80%B0%E1%80%B8%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%90%E1%80%9A%E1%80%BA%E1%80%95%E1%80%84%E1%80%BA%E1%80%86%E1%80%AD%E1%80%95%E1%80%BA
မြန်မာရေလျှံရွာ၊ လက်ပံတန်းမြို့နယ်
မြန်မာရေလျှံရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မကျီးကွင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၃၀၁၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မကျီးကွင်းကျေးရွာအုပ်စုတွင် ကျား ၉၃၉ ဦး၊ မ ၁၀၁၉ ဦး၊ လူဦးရေ စုစုပေါင်း ၁၉၅၈ ဦးနေထိုင်သည်။ ကိုးကား လက်ပံတန်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%9C%E1%80%BB%E1%80%BE%E1%80%B6%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9C%E1%80%80%E1%80%BA%E1%80%95%E1%80%B6%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကော်နီ
ကော်နီ သည် မြန်မာ အဆိုတော် တစ်ဦးဖြစ်ပြီး ဟဲဗီး မက်တယ် နှင့် ပေါ့ အမျိုးအစားသီးချင်းများကို သီဆိုခဲ့သူလည်းဖြစ်သည်။ ကော်နီ ၏ အအောင်မြင်ဆုံး ကာလများမှာ ၁၉၈၀ အစောပိုင်း မှ ၁၉၉၀ နောက်ပိုင်းထိ နာမည်ကျော်ကြားခဲ့သည်။ ပထမဦးဆုံး New Wave band ၏ နောက်ခံအဆိုတော်ဖြစ်ခဲ့ပြီး ၁၉၈၀ အလယ်ပိုင်းကာလတွင်မှ အောင်မြင်သော အဆိုတော် တစ်ဦးဖြစ်လာခဲ့သည်။ သူမ ၏ တေးရေးဆရာမှာ သုခမိန်လှိုင်ဖြစ်ပြီး သူမ၏ ပထမဆုံး သီချင်းခွေမှာ ၁၉၈၆ တွင်ထွက်ရှိသော တာဇံ ဖြစ်ကာ အောင်မြင်မှုရရှိခဲ့ပြီး နင်ဂျာ အယ်ဘမ်ကို ဆက်လက်ထုတ်ဝေခဲ့သည်။ ငယ်ဘဝ တောင်ကြီးမြို့တွင် မွေးဖွားသည်။ အမည်ရင်း ရတနာထွန်းဖြစ်သည်။ ငယ်စဉ်က အသားဖြူပြီး ဆံပင်နီ သဖြင့် အိမ်နာမည် ကော်နီ ဟု အခေါ်ခံခဲ့ရသည်။ ဝန်ထမ်းမိဘများနှင့်အတူ ရန်ကုန် မင်္ဂလာဒုံသို့ ပြောင်းရွှေ့ နေထိုင်သည်။ ရှစ်တန်း ကျောင်းသူဘဝတွင် ရန်ကုန် New Wave တေးဂီတ အဖွဲ့ နောက်ခံသီဆိုသူ (ဟာမိုနီဆိုသူ) လျှောက်ထားခဲ့ပြီး အသက် ၁၆ နှစ် နှင့် ဟာမိုနီ သီဆိုသူဖြစ်လာသည်။ နယူးဝေ့ဖ် တေးဂီတ နှင့်အတူ စိုင်းထီးဆိုင် မေဆွိ ဂျေညီညီ မေခလာ အပါအဝင် နာမည်ကျော် အဆိုတော်များ နှင့် ရုပ်ရှင်တေးများ အတွက် ဟာမိုနီများ သီဆိုပေးခဲ့ရသည်။ မိသားစုဘဝ အိမ်ထောင်မပြုသူဖြစ်သည်။ မိခင်နှင့် အတူနေထိုင်သည်။ မိတ်ဆွေဂီတသမားများနှင့် ခရီးသွားခြင်း၊ သီလရှင်ဝတ်ခြင်း၊ ခွေးကြောင်များ မွေးခြင်းတို့ပြုလုပ်လေ့ရှိသည်။ အဆိုတော်ဘဝ ၁၉၈၆ တွင် တေးရေး သုခမိန်လှိုင် စီစဉ်မှုဖြင့် ပထမဆုံး တေးစု ဖြစ်သည့် တာဇံ ကို ထုတ်လုပ်ဖြန့်ချီခဲ့ရာ အောင်မြင်မှုရခဲ့ပြီး မြန်မာတေးချစ်ပရိတ်သတ် တို့၏ အားပေးမှုရရှိသည့် အဆိုတော် ဖြစ်လာခဲ့သည်။ အနုပညာနာမည်ကို အိမ်နာမည် ကော်နီ အသုံးပြုခဲ့ပြီး ထိုအမည်ဖြင့်ပင် လူသိများ အောင်မြင်ခဲ့သည်။ တကိုယ်တော် တေးစု ဆယ့်တခု ထွက်ရှိခဲ့သည်။ အခြားအဆိုတော်များနှင့် တွဲဖက်ထွက်ရှိသောတေးစု ဆယ့်သုံးခု ထွက်ရှိခဲ့သည်။ ဂီတဖျော်ဖြေပွဲများစွာ သီဆိုဖျော်ဖြေခဲ့သည်။ ၂၀၀၇ ခုနှစ်နောက်ပိုင်း ဂီတလောကနှင့် ကင်းကွာနေခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တပုဒ်ချင်းသီဆိုထုတ်လုပ်သည့် သီချင်းသစ်များ ပြန်လည်သီဆိုခဲ့သည်။ ထွက်ရှိခဲ့သော တေးစုများ တာဇံ (၁၉၈၆) သုခမိန်လှိုင် ယံယံ နင်ဂျာ (၁၉၈၇) သုခမိန်လှိုင် ယံယံ ဒိုင်ယာနာ (၁၉၈၈) သုခမိန်လှိုင် ကံကောင်းသူလေး (၁၉၈၉) သုခမိန်လှိုင် ယံယံ ပျားရည် (၁၉၉၁) သုခမိန်လှိုင် လူငယ်လေးတယောက်အကြောင်း (၁၉၉၂) သုခမိန်လှိုင် အပြင်းစားသတ္တုများ (၁၉၉၂) မင်းချစ်သူ ကောင်းကင်ခရီး (၁၉၉၃) နောင်နောင် (ဆန်းဖလားဝါး) ရွှေတေးစု (၂) (၁၉၉၃) အခြားအဆိုတော်များနှင့်တွဲဖက် ဆုံချင်တယ် (၁၉၉၄) သုခမိန်လှိုင် ယံယံ အဉ္ဇလီမောင်မောင် တို့ရဲ့ချစ်သူများနေ့ (၁၉၉၆) ကေအေတီ အခြားအဆိုတော်များနှင့်တွဲဖက် အဓိပ္ပါယ်ရှိသောလူ (၁၉၉၆) ကျော်ဟိန်း ချစ်တတ်သူတို့နေ့ (၁၉၉၉) အခြားအဆိုတော်များနှင့်တွဲဖက် အပြာရင့်ရင့် (၂၀၀၀) ညီပုနှင့်တွဲဖက် တေးမြုံငှက်နှစ်ငါးဆယ် (၁) (၂၀၀၄) အခြားအဆိုတော်များနှင့်တွဲဖက် ကမ်းစပ်ကခြေရာများ (၂၀၀၄) အခြားအဆိုတော်များနှင့်တွဲဖက် ဆေးရောင်စုံကော်နီ (၂၀၀၆) သုခမိန်လှိုင် မောင်သစ်မင်း ယံယံ မင်းချစ်သူ ညီညီသွင် ရွှေဂျော်ဂျော် အငဲ တင်ကိုကို မိတော့မိတယ် နှင့် ချိုတို့ခေတ်ကတေးများ အခြားအဆိုတော်များနှင့်တွဲဖက် နှလုံးသားဟစ်ကြွေးသံများ စိုင်းထီးဆိုင် လွှမ်းမိုး ကိုင်ဇာ ဂျက်မြသောင်း တို့နှင့်တွဲဖက် နှလုံးသားဆည်းလည်းခတ်သံများ စိုင်းထီးဆိုင် ကိုင်ဇာ ဂျက်မြသောင်း နေမျိုးဆေး တို့နှင့်တွဲဖက် အပိုင်းအစ ၁ အခြားအဆိုတော်များနှင့်တွဲဖက် လူငယ်မှလူငယ်သို့ (ဓမ္မတေး) အခြားအဆိုတော်များနှင့်တွဲဖက် စောဘွဲ့မှူးအမှတ်တရ (၁) အခြားအဆိုတော်များနှင့်တွဲဖက် မေဆွိနှင့်အောင်မြင်ကျော်ကြားတေးသံရှင်များ (၁၉၉၇) အခြားအဆိုတော်များနှင့်တွဲဖက် ကိုးကား မြန်မာ အမျိုးသမီး အဆိုတော်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%94%E1%80%AE
ဘဝသံသရာ (ရုပ်ရှင်)
ဘဝသံသရာ သည် ဒါရိုက်တာ ဦးသုခ ရိုက်ကူးသည့် အသံထွက် မြန်မာဇာတ်ကားတစ်ခု ဖြစ်သည်။ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ထင်ရှားသည့်ဇာတ်ကားများအနက် တစ်ကားအပါအဝင်ဖြစ်ပြီး နှစ်ကုန်ပိုင်းရောက်မှသာ ရုံတင်သော်လည်း ၁၉၅၆ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံးဇာတ်ကား ဖြစ်ခဲ့သည်။ ရိုက်ကူး ရုံတင်ခြင်း မန္တလေးရုပ်ရှင် ကုမ္ပဏီ၏ ပွဲဦးထွက်ဇာတ်ကားဖြစ်ပြီး ဦးသုခ က ၁၉၅၅ ခုနှစ်တွင် စတင်ရိုက်ကူးရာ တစ်နှစ်ခန့် ကြာခဲ့သည်။ ရုံတင် ပြသခြင်း ၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ ရွှေဂုန်၊ ဂလုပ်နှင့် ကာလတန် ရုပ်ရှင်ရုံများတွင် တစ်ပြိုင်တည်း ပြသရာ အသံထွက်ဇာတ်ကားများအနက် ဝင်ငွေအကောင်းဆုံးစံချိန် ချိုးခဲ့သည်။ ဝင်ငွေ ၅၀၂၅၆၇ ကျပ် ရရှိပြီး အသံထွက်ရုပ်ရှင်များအနက် ဝင်ငွေအကောင်းဆုံး ဖြစ်သည်။ တရုတ်နိုင်ငံသို့ တင်ပို့ပြသစေရာ စတာလင်ပေါင် (၃၀၀၀) ရရှိကြောင်း သိရသည်။ အဓိကဇာတ်ဆောင်များ အောက်ပါသရုပ်ဆောင်များက အဓိက ပါဝင်ခဲ့သည် - မေသစ် ဇေယျ သုခ အေးကြူ ဒေါ်ဂျမ်းစိန် ဆုတံဆိပ်များ အောက်ပါဆုတံဆိပ်များ ရယူနိုင်ခဲ့သည် - ၁၉၅၆ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (ဒါရိုက်တာ) ၁၉၅၆ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (ဇာတ်ကား) ၁၉၅၆ မြန့်မာရုပ်ရှင် ထူးချွန်ဆု (အမျိုးသားပညာသည်) ဇာတ်ဝင်တေး ဦးသုခရေး၍ မန္တလေးရုပ်ရှင်မှ ဦးဘသိန်းသံစဉ်ထည့်ကာ ဦးသုခသီဆိုသည့် ဘဝသံသရာ ဇာတ်ဝင်တေးမှာ ယနေ့တိုင် လူကြိုက်များဆဲ ဖြစ်သည်။ ဘဝသံသရာ တံတား ရုပ်ရှင်တွင် ပါဝင်ခဲ့သည့် သာစည်နှင့် ရွှေညောင်အကြား မိုင်တိုင် (၃၇၉/၇-၈) တံတားသည်လည်း ဘဝသံသရာတံတား ဟု အမည်တွင်သွားသည်။ ၁၉၂၇ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော်လည်း ၁၉၅၆ ခုနှစ်ရောက်မှသာ အမည်ရသွားသည့် တံတားလည်း ဖြစ်သည်။ ကိုးကား မြန်မာ ရုပ်ရှင်ဇာတ်ကားများ
https://my.wikipedia.org/wiki/%E1%80%98%E1%80%9D%E1%80%9E%E1%80%B6%E1%80%9E%E1%80%9B%E1%80%AC%20%28%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%29
ဣဿရမူလီ
ပုံသဏ္ဌာန် အပင် ပင်ပျော့ ပင်နွယ်မျိုး ဖြစ်သည်။ အခေါက် ကြမ်းပြီး ညိုမွဲသော အရောင်ပေါ်တွင် စိမ်းပြာရောင် အကွက်များ ရှိသည်။ အကိုင်း အခက်များ သေးသွယ်သည်။ အရွက် ရွက်လွှဲ ထွက်သည်။ သင်္ဘောသီး ပုံသဏ္ဌာန် ရှိသည်။ ထိပ်ပိုင်းသည် ရွက်ရင်းပိုင်း ထက်ကျယ်သည်။ ရွက်ထိပ် ချွန်သည်။ ရွက်လယ်ကြော ထင်ရှားသည်။ ရွက်နား ချော၍ အနည်းငယ် လှိုင်းတွန့် ရှိ၏။ အပွင့်အပွင့် ပုံသဏ္ဌာန် ဆန်းကြယ်သည်။ ပွင့်ညှာတံသည် အကိုင်းဖျားရှိ အရွက်တို့၏ အရင်းနားမှ ကပ်၍ထွက်သည်။ အပွင့်သည် ရေတကောင်း ပုံသဏ္ဌာန် ဖြစ်ပြီး နှုတ်ခမ်း တဖက် ရှည်ကာ ခရမ်းညိုရောင် ရှိသည်။ အရင်းပိုင်းမှာ စိမ်းဖန့်ဖန့် အရောင်ရှိသည်။ တန်ဆောင်မုန်း၊ နတ်တော်လ များတွင် ပွင့်သည်။ အသီးအစိမ်းရောင် ဖြစ်၍ ကျောက်ဖရုံသီး ပုံရှိပြီး အမြှောင်း ၆ မြှောင်း ပါသည်။ တစ်မြှောင်းလျှင် အစေ့ များစွာ ပါ၍ အစေ့မှာ သုံးထောင့် ပုံဖြစ်ပြီး ပြား၍ အတောင် ရှိသည်။ တပို့တွဲလ၌ အသီးရင့်၏။ မြန်မာ့တိုင်းရင်းဆေးတွင် အသုံးပြုပုံ အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ : အမြစ် ၊ အရွက်။ မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ မြေပြန့် ဒေသ အပိုင်း များတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံသဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်း များအလိုအရ ဣဿရမူလီ သည် ခါး၏။ ဖန်၏။ အဆိပ်အမျိုးမျိုး တို့ကို နိုင်၏။ ချောင်းဆိုး ရောဂါ၊ နှလုံး ရောဂါ၊ ကလေးများ အူတွင်း၌ ဖြစ်တတ်သော ရောဂါ၊ အစာ မကြေ လေရောဂါ နှင့် အဆစ် ကိုက်ခဲ ဖောရောင်ခြင်း တို့ကို ပယ်ဖျောက် တတ်၏။ ဥတု သွေးကိုလည်း မှန်စေ၏။ သွေးလွန်နာ၊ သွေးဖောက်ပြန် သော အနာနှင့် မူးဝေသော ဝေဒနာ တို့ကို ချမ်းသာ စေတတ်၏။ အမြစ် အမြစ်ကို သွေးလိမ်းသော် မြွေ၊ ကင်း စသည့် အဆိပ်များ ပြေစေ၏။ အမြစ်မှုန့်နှင့် ဂျုံပြာ၊ ဆား ဆတူ ရောစပ်၍ ရေနွေးနှင့် သောက်ခြင်း၊ အဆစ်ရောင်သော နေရာများ၌ လူးပေးခြင်းဖြင့် ကိုယ်လက် ကိုက်ခဲခြင်းနှင့် အဆစ်ရောင်ခြင်း ပျောက်၏။ သွေးဝမ်းသွားခြင်း၊ အစာ မကြေ လေရောဂါ နှင့် ဝမ်းကြောများ တင်းရောင်ခြင်း တို့အတွက် အမြစ်မှုန့် ၂ ဆကို ချင်းခြောက်မှုန့် ၁ ဆ နှင့် တစ်နေ့ ၂ ကြိမ်ကျ သောက်သော် ပျောက်၏။ အမြစ်ကို သွေး၍ သောက်ခြင်း၊ လျှာကို ပွတ်ပေး ခြင်းဖြင့် ငန်းဖမ်းခြင်း နှင့် နှုတ်ခမ်း၊ မေး၊ ပါး၊ လျှာ၊ အာလေးခြင်း များပျောက်၏။ အမြစ်မှုန့်နှင့် ငရုတ်ကောင်းမှုန့် တို့ကို ဆားစိမ်း အနည်းငယ် ရော၍ ရေနွေးနှင့် သောက်သော် ဥတုသွေး ထိန်ချုပ်ခြင်း ပျောက်၍ မှန်စေ၏။ ကလေးသူငယ်များ သူငယ်နာ ဝမ်းပျက်၍ အဖျား ဝင်လာသော် အရွက် သို့မဟုတ် အမြစ်ကို သွေး၍ လျှာကို အနည်းငယ်မျှ ပွတ်ပေးသော် ပျောက်၏။ ထို့ပြင် ဣဿရ မူလီအမြစ်ကို သားဖွားလွယ်ဆေး၊ မီးယပ် အကွက် ပျောက်ဆေး၊ အဖျား ဖြတ်ဆေး အဖြစ် ဖော်စပ် သုံးနိုင်၏။ ကလေး သူငယ်များ လည်ချောင်း အတွင်း၌ အပူဖု၊ အပူအိတ် များပေါက်လျှင် ဣဿရ ပဉ္စငါးပါး ညှစ်ရည်ကို အရွက်နှင့် မျှ၍ တိုက်ခြင်းဖြင့် ပျောက်ကင်းစေ၏။ အရွက် အရွက် ညှစ်ရည်ကို ဆားမီးဖုတ် အနည်းငယ်နှင့် နံနက် ည တစ်ကြိမ်စီ သောက်ပေးပါက ရေဖျဉ်း ရောဂါနှင့် ချောင်းခြောက် ရောဂါ ပျောက်၏။ ဣဿရ မူလီ အရွက် ၂ ရွက် ၃ ရွက်ခန့်ကို ငရုတ်ကောင်း ၈ စေ့ ၁၀ စေ့ ခန့်နှင့် ညက်အောင် ကြိတ် ၊ အဝတ်နှင့် စစ်ပြီး ၁၅ မိနစ် တစ်ကြိမ်ကျ သောက်က မြွေဆိပ်နှင့် တကွ အခြားသော တိရစ္ဆာန်ဆိပ်များ ပြေပျောက်စေ၏။ ယင်းဆေးရည်ကို အတွင်းဆေး အပြင်ဆေး အပြင် အအေးမိ အအေးပတ်၍ တကိုယ်လုံး သွေးကြော လေကြောများ အားနည်းပြီး ရေခဲတုံးပမာ အေးစက် သတိလစ်နေသော ရောဂါသည်များကို တိုက်ကျွေး အသုံးပြုက သွေးလေကြောများ လှုပ်ရှား နိုင်ပြီး သတိ ပြန်လည် ရရှိ စေနိုင်၏။ ကိုးကား ဆေးဖက်ဝင် အပင်များ
https://my.wikipedia.org/wiki/%E1%80%A3%E1%80%BF%E1%80%9B%E1%80%99%E1%80%B0%E1%80%9C%E1%80%AE
မိုးရွှေကုန်းရွာ၊ မိုး
မိုးရွှေကုန်းရွာ၊ မိုး ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%B8
တွပ်ပလေ့ရွာ၊ နားဖန်းမြို့နယ်
တွပ်ပလေ့ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ နားဖန်းမြို့နယ်၊ စအွတ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၇၅၆၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ စအွတ်ကျေးရွာအုပ်စုတွင် ကျား ၂၆၀၃ ဦး၊ မ ၂၁၀၃ ဦး၊ လူဦးရေ စုစုပေါင်း ၄၇၀၆ ဦးနေထိုင်သည်။ ကိုးကား နားဖန်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%BD%E1%80%95%E1%80%BA%E1%80%95%E1%80%9C%E1%80%B1%E1%80%B7%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%94%E1%80%AC%E1%80%B8%E1%80%96%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
စိန်
ကမ္ဘာပေါ်တွင် ကျောက်မျက်ရတနာ အမျိုးပေါင်း ၁၂၀ ကျော်ရှိသည့်အနက် စိန်သည် အဖိုးထိုက်တန်ဆုံးသော ရတနာတစ်မျိုးဖြစ်၏။ စိန်သည် လူတို့၏ လက်ဝတ်ရတနာ တန်ဆာများအတွက်သာမက စက်မှုလုပ်ငန်းများတွင်လည်း အရေးပါသည့် ပစ္စည်းတစ်မျိုးဖြစ်သည်။ မာခြင်းအဆင့် အမြင့်ဆုံးဖြစ်သည်။ အဆင့် ၁၀ ၌ ရှိသဖြင့် စိန်ကို ကျောက်မျက်ရတနာများ၏ ဘုရင်ဟု ခေါ်စမှတ်ပြုကြသည်။ ထူးခြားသည့် တောက်ပလင်းလက်မှု စိန်ကိုကြည့်လျှင် စိန်၏ ပင်ကိုအလင်းရောင်ဖြင့် တဖိတ်ဖိတ်တောက်ပနေသည်ဟု ထင်မှတ်ရသည်။ သို့ရာတွင် စင်စစ် ထိုအလင်းရောင်သည် စိန်၏ ပင်ကိုအလင်းရောင် မဟုတ်ပေ။ အလင်းရောင်သည် ရေ၊ ဖန်ထည်ပစ္စည်း စသည်တို့တွင် ဖြတ်သန်းသွားသောအခါ မူလလမ်းကြောင်းမှ အနည်းငယ် ယိမ်းယိုင်သွားတတ်သည်။ အလင်းရောင်သည် စိန်ကိုဖြတ်သွားသောအခါတွင်မူ ပိုမိုယိမ်းယိုင်သွားလေ့ရှိသည်။ ထို့ကြောင့် အကွက်ဖော်ထားသော စိန်၏ မျက်နှာပြင်ပေါ်သို့ သက်ရောက်လာသည့်အခါ အလင်းရောင်သည် အပြင်ဘက်သို့ တစ်မဟုတ်ချင်း ထွက်မသွားဘဲ အတွင်းသို့ ရိုက်ဟပ်သွားသည်။ တစ်ဖန် ထိုအလင်းရောင်သည် စိန်၏အတွင်း၌ပင် အဆင့်ဆင့် အနည်းငယ်စီ ယိမ်းယိုင်သွားပြီး နောက်ဆုံးမှသာ အပြင်သို့ ထွက်သွားသည်။ စိန်ကို အလင်းရောင်အောက်တွင် ထုတ်ထားသောအခါ စိန်အတွင်း၌ အလင်းရောင်ခိုအောင်းလေ့ရှိရာ ထိုသို့ ခိုအောင်းနေသည့် အလင်းရောင်ကပင်လျှင် စိန်ကို အရောင်တဖိတ်ဖိတ် တောက်ပစေသည်။ ထိုသို့ အရောင်တဖိတ်ဖိတ် တောက်ပလျက်ရှိသော စိန်သည် ဓာတ်သဘော အလိုအားဖြင့် ကာဗွန် (Carbon) မျှသာ ဖြစ်သည်။ ရှေးပေ၀သဏီအချိန်က ကမ္ဘာမြေအတွင်း၌ရှိသည့် ကာဗွန်သည် အပူရှိန်ကြီးမားခြင်းကြောင့် အရည်ဘဝတွင် တည်နေခဲ့၏။ ထိုသို့ တည်ရှိနေစဉ် အထက်မှ အလွန်ကြီးမားသော ဖိအားသက်ရောက်လာမှုကြောင့် မည်းနေသော ကာဗွန်ဘဝမှ အဖိုးတန်သော စိန်ဘဝသို့ ပြောင်းလာခဲ့သည်။ လူတို့လက်လှမ်းမီရာသို့ စိန် ရောက်ရှိလာပုံ သိပ္ပံပညာရှင်တို့က စိန်သည် ကမ္ဘာ့မျက်နှာပြင်အောက် မိုင် ၈၀ မှ ၁၂၅ မိုင်ခန့်နက်သော မြေလွှာများအကြား၌ စတင်ပေါ်ခဲ့၍သာ ထိုအရပ်ရှိ ပြင်းထန်သော ဖိအားနှင့် အပူရှိန်တို့ကြောင့် ထိုမျှ မာကျောနေရခြင်းဖြစ်သည်ဟု ကောက်ချက်ချကြသည်။ သို့သော် နက်ရှိုင်းလှစွာသော အရပ်၌ မွေးဖွားခဲ့သော စိန်တို့သည် လူတို့လက်လှမ်းမီသော အနက်သို့ မည်သို့မည်ပုံ တက်ရောက်လာကြသည်ကို အစပထမ နားမလည်ခဲ့ကြချေ။ မကြာသေးမီကမှ အမေရိကန် သိပ္ပံပညာရှင်တစ်ဦး၏ သုတေသနပြုချက်အရ စိန်တို့ မြေလွှာအပေါ်ပိုင်းသို့ တက်လာပုံကို ခန့်မှန်းခဲ့ကြသည်။ သူ၏အလိုအရ စိန်တို့သည် အစိတ်စိတ် ကွဲအက်နေသော ကမ္ဘာ့မြေလွှာများ၏ လှုပ်ရှားမှုကြောင့် ကမ္ဘာ့အတွင်းပိုင်းရှိ ရေ၊ ဓာတ်ငွေ့များနှင့် အတူရောကာ မြေလွှာများအကြားမှ တဖြည်းဖြည်း တက်လာခဲ့ကြသည်။ ပြင်းထန်သော ဖိအားဖြင့် အဖိခံနေခဲ့ကြရသော ရေပူနှင့် ဓာတ်ငွေ့တို့သည် အပေါ်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ အဖိခံနေရမှု တဖြည်းဖြည်း လျော့နည်းလာသောအခါ အပူလွန်ရေဘဝမှ ရေငွေ့ဘဝသို့ ပြောင်းလဲလာခဲ့ကြသည်။ နောက်ဆုံး မြေပြင်ပေါ်သို့ အရောက်တွင် ရေပူပန်းကြီးများပမာ ပန်းထွက်ကြရာ မြေပြင်၌ တွင်းကြီးဖြစ်၍ ကျန်ခဲ့သည်။ လေထဲသို့ ပန်းထွက်နေသော စိန်ပါဝင်သည့် မြေသားကျောက်သားတို့သည် ရေပန်းပြီး အရှိန်သေသွားသောအခါ မြေပြင်ပေါ်သို့ တဖြည်းဖြည်း ပြန်ကျ၍ တွင်းကြီးသည်လည်း မြေစာများဖြင့် ပြန်ပိတ်မိသွား၏။ ဤနည်းဖြင့် စိန်သည် လူတို့လက်လှမ်းမီသော အရပ်သို့ ရောက်ရှိလာကြခြင်းဖြစ်သည်ဟု ယူဆကြလေသည်။ စိန်နှင့်အတူ ယှဉ်တွဲ တွေ့ရှိရသော ကျောက်တုံးတို့သည် အခြားကျောက်တုံးတို့ကဲ့သို့ မဟုတ်ဘဲ လုံးဝန်းညီညာနေရခြင်းမှာ ကမ္ဘာ့အတွင်းပိုင်းမှ ပန်းထွက်လာစဉ်က တွင်း၏ ဘေးပတ်လည် မြေသားများနှင့် အခါခါ ပွတ်တိုက်မိခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြသည်။ အချို့စိန်တုံးများတွင် အဏုကြည့် မှန်ဘီလူးဖြင့်သာ မြင်နိုင်သော ရေမှုန်များ၊ မီသိန်းဓာတ်ငွေ့၊ အီသိုင်းအယ်လ်ကိုဟော စသည့် ဓာတ်ငွေ့များ ရော၍ ပါနေတတ်သည်ကို ကြည့်ခြင်းအားဖြင့် ယင်းဓာတ်ငွေ့များသည့် စိန်ဖြစ်ပေါ်ရာ ကမ္ဘာ့အတွင်းပိုင်း မိုင် ၈၀ မှ ၁၂၅ မိုင် အနက်ခန့်၌ ရှိသည်ဟု ယုံကြည်ရလေသည်။ စိန်ထွက်ရှိသော နိုင်ငံများ စိန်ကို မည်သည့်နှစ်က စတင်တွေ့ရှိသည်ဟု တိတိကျကျ မည်သူမျှ မခန့်မှန်းနိုင်သော်လည်း စတင်တွေ့ရှိ သုံးစွဲခဲ့သော နေရာမှာ အိန္ဒိယပြည်၊ ရိုလ်ကွန်ဒါအရပ်၌ဖြစ်ပြီး အချိန်မှာ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၈၀၀ ခန့်ကဟု ယူဆရပေသည်။ ၁၈ ရာစု၌ အိန္ဒိယပြည်မှ စိန်တွင်းကြီးများ ကုန်ခမ်းခဲ့ပြီးနောက် စိန်ကို ဘရာဇီးနိုင်ငံတွင် တွေ့ရှိခဲ့သည်။ သို့သော် ထိုတွင်းများမှာလည်း မကြာမီ ကုန်ခမ်းသွားခဲ့၏။ ယခုအခါ ကမ္ဘာပေါ်တွင် ရလျက်ရှိသော စိန်တို့အနက် ရာခိုင်နှုန်း(၉၀)မှာ အာဖရိကတိုက် တောင်ပိုင်းမှ ဖြစ်သည်။ ထိုဒေသတွင် စိန်တွင်းများ တွေ့ရှိပုံနှင့် စပ်လျဉ်း၍ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်များရှိလေသည်။ ၁၈၆၇-ခုနှစ်ခန့်က ဩရိန်း(Orange)မြစ်တစ်နေရာရှိ ဗိုးဝါး လူမျိုး ကလေးတစ်စု ကစားနေကြစဉ် ကမ်းပေါ်မှ အလွန်လေး၍ ကျောက်ချဉ်နှင့် သဏ္ဌာာန်တူသည့် ကျောက်တစ်လုံးကို တွေ့ရှိကြ၏။ ထိုကျောက်မှာ အခြားကျောက်စရစ်များထက် ကြီး၍ အရောင်လည်းတောက်ပသောကြောင့် ထိုကလေးတစ်စုသည် ထိုကျောက်ကို မိမိတို့မိခင်ထံသို့ ယူဆောင်ကာ ပြသကြသည်။ မိခင်ဖြစ်သူက အိမ်နီးနားချင်းဖြစ်သူ ဗန်နီကပ်ဆိုသူကို တစ်ဆင့်ပြ၍ ထိုသူက ကုန်သည်တစ်ဦးအား ရောင်းခိုင်းရာ ပေါင် ၅၀၀ ရရှိခဲ့၏။ ၂-နှစ်ခန့်ကြာသောအခါ သိုးကျောင်းသားတစ်ဦးထံ၌ ထူးခြားစွာ အရောင်လက်လျက်ရှိသော ကျောက်တစ်လုံးရှိကြောင်း ကြားသိရသဖြင့် ဗန်နီကပ်သည် ထိုသူထံသို့ သွားရောက်ခဲ့၏။ နောက်ဆုံး၌ သူသည် ထိုကျောက်ကို သိုး ၅၀၀၊ ကျွဲနွား ၁၀ ကောင်နှင့် မြင်းတစ်ကောင်ပေး၍ ဝယ်ခဲ့ပြီးလျှင် ကုန်သည်တစ်ဦးအား ရောင်းရာ ပေါင်(၁၁၀၀၀) ရရှိခဲ့သည်။ ထိုစိန်မှာ အရိုင်းဘဝတွင် (၈၃.၅)ရတီရှိ၏။ ထို့နောက်တွင် ဒပ်ဒလီ(Dudley) ဟူသောအမည်ဖြင့် ထင်ရှားလာ၏။ ဤသတင်းများကြောင့် ကမ္ဘာအရပ်ရပ်မှ လူတို့သည် စိန်ဖြင့် စီးပွားရှာရန် စိတ်ဝင်စားလာကြပြီးလျှင် အာဖရိကတိုက်သို့ လာရောက်၍ စိန်တွင်းများကို ရှာဖွေကြ၏။ ထိုအချိန်မှစ၍ တောင်အာဖရိက စိန်တွင်းများသည် ယနေ့တိုင် ကမ္ဘာကျော်နေပေသည်။ စိန် အသုံးဝင်မှု လူတို့သည် စိန်ကို ကျောက်မျက်ရတနာအဖြစ် အသုံးပြုကြသည်သာမက အလွန်မာကျောသောကြောင့် စက်မှုလုပ်ငန်းများတွင်ပါ အသုံးပြုလာကြသည်။ စိန်ကို ဖန်၊ မှန်၊ ကြွေထည်များကို ဖြတ်တောက်ရာတွင်လည်းကောင်း၊ သွားပေါက်ဖာရာတွင် အသုံးပြုသည့် စက်များတွင်လည်းကောင်း၊ နာရီအတွင်းရှိ ဘယ်ရင်များတွင်လည်းကောင်း၊ ရေနံတွင်းများ တူးသည့်အခါ လွန်များအဖြစ်လည်းကောင်း၊ အရောင်တင်ရာတွင်လည်ကောင်း အသုံးပြုကြသည်။ ထို့ပြင် စိန်ကို အခြားသော နေရာအများအပြား၌လည်း အကျိုးရှိစွာ အသုံးချနေသည်။ သောကြာဂြိုဟ် (Venus) ကို စူးစမ်းရာ၌ ကမ္ဘာပေါ်တွင်ထက် အဆတစ်ရာများသော ဖိအားနှင့် ၉၂၀ ဖာရင်ဟိုက် ဒီဂရီမျှရှိသော အပူဒဏ်ကို ခံနိုင်ရန်အတွက် အာကာသယာဉ်၏ ပြတင်းပေါက်ကို စိန်ဖြင့် ပြုလုပ်ခဲ့ရသည်။ ခွဲစိတ်ကိရိယာများကို စိန်ဖြင့်ပြုလုပ်ပါက အသားမျှင်များအား လိုသည်ထက် ပို၍ မပေါက်ပြဲစေခြင်း၊ နှုတ်ခမ်းသားများမှာ ဖွာလန်ကြဲမနေဘဲ တိတိရိရိ ရှိခြင်းတို့ကြောင့် မျက်လုံးအတွင်း တိမ်ကိုခွဲရာတွင် စိန်ထိပ်ဖူးတပ် ခွဲစိတ်ကိရိယာများကို သုံးကြသည်။ စိန်၏ အခြား သတ္တိထူးတစ်မျိုးမှာ အပူဓာတ်တို့ကို ကောင်းစွာ စုပ်ယူနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ကြယ်များ၏ အပူချိန်ကို တိုင်းတာရာ၌ စိန်ကို အသုံးချရသည်။ စိန်ပြတင်းပေါက် တပ်ထားသော နက္ခတ်ကြည့်မှန်ပြောင်းကို လေယာဉ်ဖြင့် သယ်ဆောင်ပြီး အမြင့်ပိုင်းသို့ ရောက်သောအခါ ကြယ်အလင်းရောင်ကို မှန်ပြောင်းအတွင်းရှိ စိန်ပြတင်းပေါက်ကို ဖြတ်သန်းစေရမည်။ ကြယ်အလင်းရောင်၏ အပူဓာတ်မှာ အလွန်တရာမှ အားလျော့လှသော်လည်း ယင်းအပူဓာတ်ကိုပင် စိန်က စုပ်ယူကာ အပူချိန်တိုင်းတာရေး ကိရိယာသို့ ပို့လွှတ်ပေးခြင်းဖြင့် ကြယ်တို့ကို လေ့လာကြသည်။ ထို့ပြင် လေယာဉ်ပြေးလမ်းများ ချောမွတ်နေပါက လေယာဉ်ဘီးချော် ပျက်စီးနိုင်သဖြင့် လမ်းတစ်လျှောက် မြောင်းငယ်များဖော်ပေးသော ကိရိယာများ၌ မာကျောသော သတ္တိပိုင်ရှင် စိန်ကို မသုံးလျှင်မဖြစ်ချေ။ အရည်အသွေးကိုတိုင်းတာပုံ စိန်၏အရည်အသွေးကို အင်္ဂလိပ်အက္ခရာ ဖြစ်သော စီ(C)လေးလုံးဖြင့် မှတ်သားကြသည်။ ၎င်းတို့မှာ အရောင်(Colour) ကာရတ်ချိန်(Carat weight) သန့်စင်မှု(Clarity) သွေးကွက်(Cut) တို့ဖြစ်ကြသည်။ အရောင် စိန်၏ အရည်အသွေးကို တိုင်းတာသည့်စံနှုန်းများအနက် အချက်တစ်ချက်ဖြစ်သည့်အရောင်ကိုဦးစွာရှင်းလိုသည်။ စိန်၏အရောင်ကို အင်္ဂလိပ် အင်္က္ခရာများဖြင့် သတ်မှတ်ကြပြီး အင်္က္ခရာ ဒီ(D) မှ ဇတ်(Z) အထိဖြစ်သည်။ အဆင့် ဒီ(D)ဖြစ်သည့် အရောင်မှာ အရောင်မဲ့ဖြစ်ပြီး အဆင့် ဇတ်(Z) မှာအဝါဖြစ်ကာ အလှဝတ်ထက် ဖန်စီဝတ်အဖြစ်သာ သုံးစွဲတတ်ကြသည်။ အရောင်ပါဝင်ရခြင်းမှာ စတင်ဖွဲ့စည်းဖြစ်တည်စဉ်ကတည်းက ကာဗွန်ဒြပ်စင်တွင် အခြားသောဒြပ်များ ရောနှောပါဝင် လာခဲ့ခြင်းကြောင့်ဖြစ်သည်။ နိုက်ထရိုဂျင်ဒြပ်စင် အနည်းငယ်ပါဝင်ခဲ့လျှင် အဝါရောင်သန်းပြီး၊ ဘိုရွန်ဒြပ်စင်ပါဝင်လျှင် အပြာရောင်သန်းသွားသည်။ ထိုကဲ့သို့ ဒြပ်စင်များသာမကပဲ အခြား ကျောက်အစိုင်အခဲလိုက် ပါအောင်း ဝင်ဧည့်ကျောက် အဖြစ်ပါဝင်သည်ကို လဲရှားပါးစွာ တွေ့ရတတ်သေးသည်။ အထူးသဖြင့် စိန်အတွင်းတွင် ပါဝင်လေ့ရှိသည့် အစိုင်အခဲမှာ ကျောက်မျက်တန်း မဝင်သော်လည်း အတန်အသင့်လူကြိုက်များသည့် ဇာဂွန် (Zircon) ဖြစ်တတ်သည်။ ကာရတ်ချိန် စိန်၏တန်ဖိုးကို သတ်မှတ်ပေးသည့်အခြားအချက်မှာ အလေးစီးချိန်ပင်ဖြစ်သည်။ မြန်မာ့ဈေးကွက်တွင် ၄ လုံးစီး၊ ၈လုံးစီး အစရှိသဖြင့် နားရည်၀ကြသည်။ အမှန်တွင် ကမ္ဘာသုံးသော စိန်၏အလေးယူနစ်မှာ ကာရတ်(Carat) (1 Carat = 0.2 g; 0.007055 oz) ဖြစ်သည်။ ကာရတ်ချိန်များသည်နှင့်အမျှ ဈေးနှုံးမှာလည်း စပွားမြင့်တက်သွားလေ့ရှိသည်။ ဥပမာအားဖြင့် တစ်ကာရတ်အလေးရှိသည့်စိန်တစ်ပွင့်၏ တန်ဖိုးမှာ ဒေါ်လာ တစ်ထောင်ဖြစ်လျှင် ၎င်းနှင့် အရည်အသွေးတူသည့် အလေးချိန် နှစ်ကာရတ်စိန်၏တန်ဖိုးမှာ ဒေါ်လာ သုံးထောင်ကျော်သွားသည်။ သန့်စင်မှု သန့်စင်မှုမှာလည်း စိန်၏ဈေးနှုန်းကို သတ်မှတ်သည့်အချက်တွင်အပါအဝင်ဖြစ်သည်။ အတွင်းနှင့်အပြင် မျက်နှာပြင်များပါ အပြစ်အနာကင်းပြီး အရည်အသွေး အကောင်းဆုံး စိန်မှာ ရှားပါးလှသည် ဖြစ်ရာတန်ဖိုးထားသည်မှာ မဆန်းပေ။ စိန်၏အတွင်းတွင် အောင်းဝင်သည့် လေပူပေါင်းလေးများ၊ အပ်ဖျားတစ်ထောက်စာအနာလေးများ၊ အမျှင်တန်းလေးများအစရှိသည့် အချက်များ အပါအဝင် မျက်နှာပြင်များပေါ်တွင်လည်း မလိုလားအပ်သည့် အနာအစာ၊ ခြစ်ရာများအစရှိသည်တို့ကို အသေးစိတ်ရှာဖွေပြီးမှသာ သင့်တော်သည့်တန်ဖိုးကို သတ်မှတ်ကြခြင်းဖြစ်သည်။ ထိုသို့ရှာဖွေရာတွင် အသုံးပြုသည့် စမ်းသပ်ကိရိယာမှာ ၁၀ဆချဲ့ လက်ကိုင်အိတ်ဆောင်မှန်ဘီလူး (10xLens)(Loap) ဖြစ်သည်။ အကယ်၍ အဆိုပါ အိတ်ဆောင်မှန်ဘီလူးငယ်ဖြင့် စစ်ဆေးကာ အပြစ်အနာကင်းလျှင် ထိုစိန်ကို အပြစ်အနာကင်းသောစိန် (Loapclean သို့မဟုတ် 10xclean) ဟုသတ်မှတ်သည်။ ဓာတ်ခွဲစမ်းသတ်ခန်းများတွင်မူ ထိုအဆင့်မျှမကပဲ အနုစိတ်မှန်ဘီလူး (Microscope) ဖြင့်အသေးစိတ် စစ်ဆေးပါသည်။ သွေးကွက် သွေးကွက်မှာလည်းအလွန်အရေးပါသည့် အချက်ဖြစ်သည်။ အရောင်တောက်ပသည့်စိန်အတွက် အတောက်ပဆုံးသော အလင်းပြန်မှုမျိုးကိုရရှိပြီးဆွဲဆောင်အားကောင်းနိုင်ရန် သွေးကွက်က ထိန်းချုပ်ပုံဖော်ပေးသည်။ ကမ္ဘာပေါ်တွင် အထင်ရှားဆုံးသွေးကွက်မှာ ဘယ်လ်ဂျီယံသွေးကွက် ခေါ် ဘယ်လီရီးယမ့်သွေးကွက်(Brilliant cut)ဖြစ်သည်။ ထိုသွေးကွက်အပြင်ရရှိသည့်စိန်အရိုင်းတုံး၏ အရွယ်နှင့် ပုံသဏ္ထန်အနေအထား၊ ဖောက်သည်၏အကြိုက်တို့ကိုလိုက်၍သွေးဖြတ်ကြပါသေးသည်။ တွေ့ရှိရတတ်သည့် သွေးကွက်ပုံများမှာ မျက်ရည်စက်ပုံ(pear shape)၊ လှေပုံ(သို့မဟုတ်)ကျစုသီးပုံ(Boat / marquise shape cut)၊ မင်းသမီးပုံ(စတုရန်းကွက်ပေါ်အခြေခံသည့်ပုံ)(Princess cut)၊ ဘဲဥပုံ(Oval shape)၊ အသဲပုံ(Heart shape) အစရှိသည်တို့ဖြစ်ကြသည်။ ကိုးကား စိန် ပုံဆောင်ခဲများ ဖောက်ထွင်းမြင် ပစ္စည်းများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%94%E1%80%BA
အဓိကရဏကုပိတသိက္ခာပုဒ်
အမှု—စိတ်ဆိုး၍ပြောဆိုရန်တွေ့မှု။ အမှုသည်—'''စဏ္ဍကာဠီ။ စဏ္ဍကာဠီ၏ ရန်တွေ့မှု စဏ္ဍကာဠီ ဘိက္ခုနီသည် အဓိကရုဏ်း (အမှု) တစ်ခုမှာ ရှုံးသည်ဖြစ်၍ “ဘိက္ခုနီမဟွေဟာ ဆန္ဒာဂတိ လိုက်ကြတယ်, ဒေါသာဂတိ လိုက်ကြတယ်, မောဟာဂတိ လိုက်ကြတယ်, ဘယာဂတိလိုက်ကြတယ်”ဟု တရားဆုံးဖြတ်ရာတွင် ပါဝင်သော ဘိက္ခုနီတို့ကို ရန်တွေ့လေသည်၊ ထိုအခါ အခြားဘိက္ခုနီတို့က စဏ္ဍကာဠီကို “ရန်တွေ့ရကောင်းလား” ဟု ကဲ့ရဲ့ရှုတ်ချကြသောကြောင့် ဤသိက္ခာပုဒ်ကို ဟု ပညတ်တော်မူရလေသည်။ သိက္ခာပုဒ် ယာ ပန ဘိက္ခုနီ ကိသ္မိဉ္စိဒေဝ အဓိကရဏေ ပစ္စာကတာ ကုပိတာ အနတ္တမနာ ဧဝံ ဝဒေယျ ‘‘ဆန္ဒဂါမိနိယော စ ဘိက္ခုနိယော, ဒေါသဂါမိနိယော စ ဘိက္ခုနိယော, မောဟဂါမိနိယော စ ဘိက္ခုနိယော, ဘယဂါမိနိယော စ ဘိက္ခုနိယော’’တိ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ ‘‘မာယျေ, ကိသ္မိဉ္စိဒေဝ အဓိကရဏေ ပစ္စာကတာ ကုပိတာ အနတ္တမနာ ဧဝံ အဝစ ‘ဆန္ဒဂါမိနိယော စ ဘိက္ခုနိယော, ဒေါသဂါမိနိယော စ ဘိက္ခုနိယော, မောဟဂါမိနိယော စ ဘိက္ခုနိယော, ဘယဂါမိနိယော စ ဘိက္ခုနိယော’တိ, အယျာ ခေါ ဆန္ဒာပိ ဂစ္ဆေယျ, ဒေါသာပိ ဂစ္ဆေယျ, မောဟာပိ ဂစ္ဆေယျ, ဘယာပိ ဂစ္ဆေယျာ’’တိ။ ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျ, အယမ္ပိ ဘိက္ခုနီ ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။ မြန်မာပြန် အကြင် ဘိက္ခုနီသည် အဓိကရုဏ်း (အမှု) တစ်ခုခု၌ ရှုံးသဖြင့် စိတ်လည်းဆိုး စိတ်လည်းမချမ်းသာရကား “ဘိက္ခုနီမတွေ့ ဆန္ဒာဂတိလိုက်ကြတယ်” စသည်ဖြင့် ရန်တွေ့အံ့၊ ထိုဘိက္ခုနီကို အခြားဘိက္ခုနီတို့က “ရန်မတွေ့ဖို့ရန်”ပြောရမည်၊ ထိုသို့ပြောဆို ဆုံးမပါလျက် သူ၏ရန်တွေ့မှု ပြောဆိုမှုကို ရှေးအတိုင်း(မလျှော့ဘဲ) ချီးမြှောက်ထားအံ့၊ ထိုဘိက္ခုနီကို အခြားဘိက္ခုနီတို့က ထိုအပြောကို စွန့်ဖို့ရာ ၃-ကြိမ်တိုင်အောင် ဉ တ်ကမ္မဝါစာဖြင့် ပြောဆိုဆုံးမရမည်၊ ၃-ကြိမ်တိုင်တိုင် ဆုံးမစဉ် ထိုအပြောကို စွန့်လျှင်ကောင်း၏၊ မစွန့်လျှင် ထိုဘိက္ခုနီလည်း ယာဝတတိယကမည်သော သံဃာမှနှင်ထုတ်ကြောင်းလည်း ဖြစ်သော သံဃာဒိသေသ်အာပတ်သင့်၏။ မှတ်ချက် လမ်းမှန်အတိုင်း မဆုံးဖြတ်ဘဲ ချစ်သူဘက်ပင်း၍ တရားဆုံးဖြတ်လျှင် ဆန္ဒာဂတိလိုက်သည်မည်၏။ မုန်းသူဘက်ကို နှိမ်၍ ဆုံးဖြတ်လျှင် ဒေါသာ ဂတိလိုက်သည်မည်၏။ ဘယ်လို ဆုံးဖြတ်ရမှန်း မသိဘဲ အရမ်းဆုံးဖြတ်လျှင် မောဟာဂတိ လိုက်သည်မည်၏၊ ကြောက်သဖြင့် မတရား ဆုံးဖြတ်လျှင် ဘယာဂတိလိုက်သည်မည်၏။ ကိုးကား ရဟန်းမိန်းမဝိနည်းများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%93%E1%80%AD%E1%80%80%E1%80%9B%E1%80%8F%E1%80%80%E1%80%AF%E1%80%95%E1%80%AD%E1%80%90%E1%80%9E%E1%80%AD%E1%80%80%E1%80%B9%E1%80%81%E1%80%AC%E1%80%95%E1%80%AF%E1%80%92%E1%80%BA
ကြည်ရွာ၊ သဲကုန်းမြို့နယ်
ကြည်ရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကန့်လန့်ကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၂၁၃၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကန့်လန့်ကုန်းကျေးရွာအုပ်စုတွင် ကျား ၁၁၄၄ ဦး၊ မ ၁၄၃၃ ဦး၊ လူဦးရေ စုစုပေါင်း ၂၅၇၇ ဦးနေထိုင်သည်။ ကိုးကား သဲကုန်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%8A%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9E%E1%80%B2%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ပင်းစုရွာ၊ ပျော်ဘွယ်မြို့နယ်
ပင်းစုရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ရန်အောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၂၉၈၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရန်အောင်ကျေးရွာအုပ်စုတွင် ကျား ၂၃၈၉ ဦး၊ မ ၂၈၃၇ ဦး၊ လူဦးရေ စုစုပေါင်း ၅၂၂၆ ဦးနေထိုင်သည်။ ကိုးကား ပျော်ဘွယ်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%98%E1%80%BD%E1%80%9A%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
မဏိပူရပြည်နယ်
မဏိပူရပြည်နယ်သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ မဏိပူရဆိုသော အဓိပ္ပာယ်မှာ ရတနာမြေဟု အဓိပ္ပာယ်ရသည်။ မဏိပူရပြည်နယ်၏ မြို့တော်မှာ အင်ဖာမြို့ ဖြစ်သည်။ မြောက်ဘက်တွင် နာဂလန်းပြည်နယ်၊ တောင်ဘက်တွင် မီဇိုရမ်ပြည်နယ်နှင့် အနောက်ဘက်တွင် အာသံပြည်နယ်တို့က ဝန်းရံထားသည်။ အရှေ့ဘက်တွင် မြန်မာနိုင်ငံနှင့် နယ်ခြားနယ်နိမိတ် ရှိသည်။ ဧရိယာ စတုရန်းမိုင်ပေါင်း ၈,၆၂၈ မိုင် (၂၂,၃၄၇ စတုရန်း ကီလိုမီတာ) ရှိသည်။ မဏိပူရနယ်သည် အိန္ဒိယ ပြည်ထောင်စုတွင် ပါဝင်သော နယ်တစ်နယ်ဖြစ်သည်။ ရှေးဗြိတိသျှလက်ထက်က မဏိပူရနယ်သည် အာသံဘုရင်ခံ၏ အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီး၍ နယ်နိမိတ်များကို ပြန်လည်သတ်မှတ်ပြီးသည့်နောက်တွင် သီးခြားနယ်ဖြစ်လာသည်။ မဏိပူရနယ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်တွင် အာသံပြည်နယ်နှင့် မြန်မာနိုင်ငံတို့၏ အကြား၌ တည်ရှိ၍ အကျယ်အဝန်းအားဖြင့် ၈၄၅၆ စတုရန်းမိုင်မျှသာ ရှိသည်။ မြန်မာနိုင်ငံ၏ နယ်စပ်တွင် တည်ရှိခြင်းကြောင့် ရှေးမြန်မာမင်းများ အုပ်စိုးစဉ်အခါက မဏိပူရနယ်တွင် မြန်မာတို့အချင်းဖြစ်ပွားလျက် မဏိပူရနယ်သည် မြန်မာမင်းတို့၏ အာဏာစက် ပြန့်နှံ့ရာဒေသဖြစ်ခဲ့ဖူးသည်။ မြန်မာတို့က မဏိပူရကို ကသည်းပြည်ဟူ၍ လည်းကောင်း၊ မဏိပူရတွင် နေထိုင်သူတို့ကို ကသည်းလူမျိုးဟူ၍ လည်းကောင်း ခေါ်ဝေါ်သည်။ မြို့တော်သည် အင်ဖာမြို့သည် ချင်းတွင်းမြစ်၏ လက်တက်ဖြစ်သော မြစ်သာမြစ်အတွင်း စီးဝင်သော မဏိပူရမြစ်ဝှမ်းတွင် တည်ရှိလျက် မန္တလေးမြို့၏ မြောက်ဘက် အနောက်ယွန်းယွန်း မိုင် ၂၅ဝ အကွာတွင် တည်ရှိသည်။ မဏိပူရနယ်သည် တောင်ထူထပ်သော ဒေသ၏အလယ် ကျယ်ပြန့်သောချိုင့်ဝှမ်းတွင် တည်ရှိသည်။ ယင်းနယ်၏ များသောအပိုင်းမှာ တောကြီးမျက်မည်းဖြစ်လျက်၊ ဆင်၊ ကြံ့၊ ကျား၊ ကျားသစ်၊ ဝက်ဝံ၊ သမင်၊ ပြောင်များ ကျက်စားသည်။ မဏိပူရနယ်ရှိ အချို့တောင်များသည် ပေ ၁ဝ ဝဝဝ ကျော်မြင့်သော်လည်း အများအားဖြင့် ပေ ၅ ဝဝဝ၊ ၆ ဝဝဝ အမြင့်ရှိကြသည်။ ချိုင့်ဝှမ်းသည် စတုရန်းမိုင် ၇ဝဝ ကျယ်၍ ပင်လယ်ပြင်ထက် ပေ၂ ၆ဝဝ မြင့်သည်။ တောင်ပေါ်ဒေသတွင် နေထိုင်သူများသည် နယ်ရှိ လူဦးရေ၏ ၃ပုံ ၁ပုံရှိ၍ လူမျိုးအုပ်စု ခွဲပေါင်း ၄ဝ မျှပါဝင်သည်။ ယင်းတို့အနက် အုပ်စုကြီး ၂ စုမှာ နာဂနှင့် ကုကီလူမျိုးများဖြစ်သည်။ မြို့တော် ဖြစ်သော အင်ဖာမြို့အနီး တစ်ဝိုက်တွင် နေထိုင်သူတို့မှာ အများအားဖြင့် မေထေး (မဏိပူရီ) လူမျိုးများဖြစ်သည်။ မဏိပူရနယ်တွင် ပြောဆိုကြသော ဘာသာစကား အများအပြား ရှိသော်လည်း မဏိပူရီ (ကသည်း) နှင့် အင်္ဂလိပ်စကားတို့မှာ ရုံးသုံးဘာသာစကားများ ဖြစ်ကြသည်။ မဏိပူရတွင် နေထိုင်သော လူဦးရေမှာ ၁၉၅၉ ခုနှစ်တွင် ခန့်မှန်းခြေ ၅၇၇ ၆၃၅ ယောက်ဖြစ်၏။ များသောအားဖြင့် ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန်နှင့် ဗုဒ္ဓအယူ ဝါဒီများ ဖြစ်ကြ၏။ မဏိပူရနယ်တွင် စပါးသည် အဓိက စိုက်ပျိုးသော ကောက်နှံဖြစ်၏။ ဆန်အသင့်အတင့်ကို နယ်အပြင်သို့ထုတ်ရောင်းသည်။ သစ်တောထွက် ပစ္စည်းများသည်လည်း အရေးပါသော ထုတ်ကုန်ဖြစ်သည်။ လက်ရက်ကန်း လုပ်ငန်းသည် နာမည်ရသော လုပ်ငန်းဖြစ်၏။ အလုပ်အကိုင်များတွင် အမျိုးသမီးများ ဦးစီးလုပ်ကိုင်သည်က များ၏။ မဏိပူရတွင် ထင်ရှားသော မြင်းတစ်မျိုး ပေါက်ဖွား၍ ယင်းတို့ကို အမျိုးသား ကစားပွဲ တစ်ခုဖြစ်သော ပိုလိုကစားပွဲများတွင် အသုံးပြုသည်။ ယခုအခါတွင် မဏိပူရနယ်၌ လုပ်ငန်းများ တိုးတက်အောင် အစိုးရက စီမံ စိုင်းပြင်းလျက် ရှိပေသည်။ မဏိပူရနယ်သည် ရှေးအခါက တိုင်းရင်းမဟာရာဇာစော်ဘွား အုပ်ချုပ်ခံနယ်ဖြစ်၏။ အတွင်းကျ၍ မထင်ရှားသော ချိုင့်ဝှမ်းတွင် တည်ရှိသဖြင့် အခြားနိုင်ငံများနှင့် အဆက်အစပ် မရှိသော်လည်း မြန်မာနိုင်ငံနှင့် ကပ်လျက်ရှိသောကြောင့် မြန်မာ့သမိုင်းတွင် ဘုရင့်နောင် လက်ထက်မှစ၍ ဖော်ပြပါရှိသည်ကို တွေ့ရ၏။ သက္ကရာဇ် ၉၂၁ ခု၊ ဘုရင့်နောင် လက်ထက်တွင် ကလေးမင်းခင်း နယ်ပယ်များကို ကသည်းစော်ဘွားက ထိပါး လာသောကြောင့် ရဲမက်တော်တို့ချီတက်ကြရသည်။ ကသည်းစော်ဘွားက သစ္စာတော်ခံ၍ သမီးကိုဆက်သည်။ ဤသို့ဖြင့် ဘုရင့်နောင်လက်ထက်တွင်လက်ဆောင်ပဏ္ဏာများ ဆက်သလာသော်လည်း ကုန်းဘောင်ခေတ်အလျင် မြန်မာနိုင်ငံ ကစဉ့်ကစဉ့်ကလျားဖြစ်နေချိန်များတွင် ကသည်းတို့သည် မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်ကာ သောင်းကျန်းဖျက်ဆီး၏။ သို့ထိပါးတိုက်ခိုက်ခဲ့သည်ကို တုံ့ပြန်သောအားဖြင့် ကုန်းဘောင်ခေတ် ခရစ် ၁၇၅၈ ခုနှစ် အလောင်းဘုရားလက်ထက်၊ ၁၇၆၄ ခုနှစ် ကုန်းဘောင်ဆင်ဖြူရှင်မင်းတရားလက်ထက်၊ ၁၈၁၉ ခုနှစ် ဘကြီးတော်ဘုရား လက်ထက်တို့တွင် မြန်မာတို့က မဏိပူရ ကသည်းပြည်ကို အောင်မြင်သိမ်းပိုက်ခဲ့၏။ ဘကြီးတော်ဘုရား လက်ထက်တွင် မဏိပူရ၊ ကသည်းစော်ဘွား မဟာရှိန်ရာဇာသည် လက်ဆောင်ပဏ္ဏာ အဆက်အသ မရောက်သဖြင့် ၁၈၁၉ ခုနှစ်တွင် ညီတော် ဒွါရဝတီမင်းသား သတိုးမင်းရဲကျော်ထင်ကို ဗိုလ်ချုပ်ခန့်အပ်တော်မူ၍ တပ်များ ချီတက်သိမ်းယူစေရာ မဏိပူရ တစ်မြို့လုံးကိုရ၍ အစောင့်တပ်များ ထားခဲ့ပြီးလျှင် ပြန်လာကြသည်။ ထိုမဏိပူရ ချီတပ်တွင် အလုံးမြို့ဝန်မင်းကြီး မဟာဗန္ဓုလမှာ လက်ဝဲကြောင်းစစ်ကဲ၊ မင်းကြီးမင်းခေါင်ကျော်မှာ လက်ယာကြောင်း စစ်ကဲအဖြစ်ဖြင့် လိုက်ပါထမ်းရွက်ကြသည်။ မဏိပူရစော်ဘွား မဟာရှိန်ရာဇာကား ကချာနယ်သို့ထွက်ပြေး တိမ်းရှောင်လေသည်။ ကချာတွင် မိမိအစ်ကို စော်ဘွားဟောင်း ချောဂျစ်ဆင် အုပ်ချုပ်နေနှင့်သည်ကို တွေ့ရှိ၍ ညီဂမ္ဘီရဆင်နှင့် ပူးပေါင်းပြီးလျှင် ချောဂျစ် ဆင်ကို တိုက်ခိုက် နှင်ထုတ်၍ ကချာတွင် အခိုင်အလုံနေလေသည်။ ထိုနောက် မဟာရှိန်ရာဇာ၏ သားသည် ကချာမှလာ၍ မဏိပူရမြို့စောင့် မြန်မာတပ်ကို တိုက်လာပြန်သည်နှင့် သက္ကရာဇ် ၁၈၂ဝ ပြည့် ခုနှစ်တွင် မြန်မာတပ်များ စစ်ကူထပ်မံလာရောက် တိုက်ခိုက်နှိမ်နင်းရပြန်သည်။ အင်္ဂလိပ်တို့ကား မြန်မာတို့တန်ခိုးဖြန့်လာသည်ကို စိုးရိမ်သဖြင့် ကချာစော်ဘွားဟောင်း ဂေါဝိန္ဒချန္ဒရာကို အားပေးကူညီပြီးလျှင် မဏိပူရ စော်ဘွားတို့ကို ပင်စင်ရိက္ခာပေး၍ အေးချမ်းစွာ နေထိုင်စေသည်။ ထို့နောက် မြန်မာတပ်တော်တို့က ကချာနယ်သို့ချဉ်းနင်းဝင်ရောက်သည်တွင် အင်္ဂလိပ်နှင့် မသင့်မတင့် ဖြစ်ရသည်။ ဤသို့မဏိပူရစော်ဘွားတို့ကို လိုက်လံတိုက်ခိုက်သည်မှ အစပြု၍ အင်္ဂလိပ်နှင့် မြန်မာတို့စစ်ဖြစ်ကြသည်တွင် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအဆုံး ရန္တပိုစာချုပ်အရ မဏိပူရနယ် ကချာနယ်တို့ကို မြန်မာတို့က အနှောင့်အယှက် မပြုရတော့ချေ။ ဤတို့ဖြင့် မဏိပူရနယ်သည် မြန်မာတို့လက်မှ လွတ်မြောက်သွားသည်။ သို့ရာတွင် မဏိပူရ စော်ဘွားများသည် ထီးနန်းဆက်ခံရေးတွင် မသင့်မတင့် အငြင်းပွား မှုများဖြစ်ခဲ့၏။ ခရစ် ၁၈၉၁ ခုနှစ်တွင် နန်းဆက်ခံမှုနှင့် စပ်လျဉ်း၍ အငြင်းပွားသည်တွင် အာသံပြည် ဝန်ရှင် တော်မင်းကြီးချုပ်က နှိမ်နင်းရန် ဂေါ်ရခါးစစ်သည် ၄ဝဝဝနှင့် ဝင်ရောက်လာ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့၏။ မဏိပူရကသည်းတို့က ဗြိတိသျှ ကိုယ်စားလှယ်တော် အိမ်ကိုတိုက်ခိုက်ခဲ့ကြသည်။ ထို့နောက် နှစ်ဖက်သဘောတူ အတိုက်အခိုက် ရပ်စဲနေခိုက်တွင် ဝန်ရှင်တော်မင်းကြီးနှင့် ဗြိတိသျှ ကိုယ်စားလှယ်တော်တို့သည် အခြား ဗြိတိသျှအရာရှိ ၃ ဦးနှင့်အတူ ဥပါယ်တံမျဉ်ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံရသည်။ နောက်တစ်လ အကြာတွင် ဗြိတိသျှ စစ်တပ်က မဏိပူရကို သိမ်းပိုက်ပြီးလျှင် ယင်းနယ်တည်ရှိရေးကို အသိအမှတ်ပြု၍ အုပ်စိုးသော မင်းနွယ်မှ ဆင်းသက်လာသော ၅ နှစ်သားရွယ် မင်းသားကလေး ချူရာချန်အား စော်ဘွားခန့်အပ်ကာ ထိုစော်ဘွား အရွယ်မရောက်မီစပ်ကြား ဗြိတိသျှတို့က ကွပ်ကဲ၍ အုပ်ချုပ်သည်။ ၁၈၉၆ခုနှစ်တွင် မဏိပူရပြည်နယ်သည် ဗြိတိသျှမြန်မာနိုင်ငံပခုက္ကူတောင်တန်းဒေသ၏အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်မှာ ၁၉၄၇၊ဩဂုတ်လ ၁၅ ရက်အထိ ဖြစ်သည်။ ခရစ် ၁၉ဝ၇ ခုနှစ်၌ စော်ဘွား အရွယ်ရောက်သည်တွင် အုပ်ချုပ်ရေးအာဏာကို ပြောင်းယူလိုက်ပေသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းဖြစ်သော ၁၉၄၄ ခုနှစ်က မဏိပူရနယ်အတွင်းသို့ မြန်မာပြည်၌ တပ်စွဲလျက်ရှိသော ဂျပန်တပ်များက ဝင်ရောက်တိုက်ခိုက် ကာ အင်ဖာမြို့တော်ကိုပင် ထိုနှစ် မတ်လမှ ဇွန်လအထိ ဝိုင်းရံထားခဲ့သော်လည်း ဗြိတိသျှနှင့် အိန္ဒိယတပ်များက တွန်းလှန်လိုက်၏။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိသောအခါ မဏိပူရနယ်သည် ပခုက္ကူတောင်တန်း၊ အာသံတို့နှင့် မဆိုင်တော့ဘဲ သီးခြားနယ် ဖြစ်လာသည်။ ကိုးကား အိန္ဒိယနိုင်ငံ၏ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%8F%E1%80%AD%E1%80%95%E1%80%B0%E1%80%9B%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA
ဆပ်သွားအောက်စုရွာ၊ ဆပ်သွား
ဆပ်သွားအောက်စုရွာ၊ ဆပ်သွား ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%86%E1%80%95%E1%80%BA%E1%80%9E%E1%80%BD%E1%80%AC%E1%80%B8%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%86%E1%80%95%E1%80%BA%E1%80%9E%E1%80%BD%E1%80%AC%E1%80%B8
ပကားရွာ၊ ကန့်ဘလူမြို့နယ်
ပကားရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ စပါယ်နံ့သာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၂၀၉၀၆ ဖြစ်သည်။ ကိုးကား ကန့်ဘလူမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%80%E1%80%AC%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%94%E1%80%B7%E1%80%BA%E1%80%98%E1%80%9C%E1%80%B0%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
မော်ကူ (သစ်)ရွာ၊ မိုင်းဖျန်မြို့နယ်
မော်ကူ (သစ်)ရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ မိုင်းပေါက်-ဝအထူးဒေသ (၂)၊ မိုင်းဖျန်မြို့နယ်၊ ရှဲကျန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၆၄၄၁ ဖြစ်သည်။ ကိုးကား မိုင်းဖျန်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%B0%20%28%E1%80%9E%E1%80%85%E1%80%BA%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%BB%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ပါမူရွာ၊ မိုင်းဆတ်မြို့နယ်
ပါမူရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၂၁၂၅၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဝမ်ကောင်းကျေးရွာအုပ်စုတွင် ကျား ၁၈၃၇ ဦး၊ မ ၁၄၈၁ ဦး၊ လူဦးရေ စုစုပေါင်း ၃၃၁၈ ဦးနေထိုင်သည်။ ကိုးကား မိုင်းဆတ်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%99%E1%80%B0%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%90%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကျိုက်ထော် (တောင်)
ကျိုက်ထော် (တောင်) ကိုးကား မြန်မာနိုင်ငံ ရွာများ ရန်ကုန်တိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%BA%20%28%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%29
မိဿ နက္ခတ်တာရာ
 မဿိ နက္ခတာရာ သည် ၁၂ လ ရာသီခွင်၏ ကြယ်စုတန်း တစ်ခုဖြစ်သည်။ ယင်းသည် အနောက်ဘက်တွင် မိန် နက္ခတာရာ နှင့် အရှေ့ဘက်တွင် တောင်းရပ် ကြယ်စုတန်းတို့ကြား တည်ရှိသည်။ နက္ခတ္တဆိုင်ရာ သင်္ကေတမှာ (Unicode ♈) ဖြစ်ပြီး ၂ ရာစု နက္ခတ္တပညာရှင် တော်လမီ၏ ၄၈ ခု ကြယ်စုတန်းစာရင်းမှ တစ်ခုအပါအဝင်ဖြစ်သည်။ ခေတ်သစ် ကြယ်စုတန်းများ ၈၈ စာရင်းတွင်လည်း ပါဝင်သည်။ အလယ်အလတ်တန်းစား ကြယ်စုတန်းဖြစ်ကာ အဆင့်အားဖြင့် ၃၉ ခုမြောက်ဖြစ်သည်။ မဿိ နက္ခတာရာသည် မှေးမှိန်သော ကြယ်စုတန်းဖြစ်ပြီး တောက်ပသောကြယ်များ ၄ စင်းပါဝင်သည်။ ယင်းတို့မှာ Hamal (Alpha Arietis)၊ Sheratan (Beta Arietis)၊ Mesarthim (Gamma Arietis) နှင့် 41 Arietis တို့ဖြစ်ကြသည်။ ကိုးကား Bibliography အွန်လိုင်း ရစ်းမြစ်များ SIMBAD ပြင်ပလင့် The Deep Photographic Guide to the Constellations: Aries Star Tales – Aries Aries Constellation at Constellation Guide Warburg Institute Iconographic Database (over 300 medieval and early modern images of Aries) ကြယ်စုတန်းများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%BF%20%E1%80%94%E1%80%80%E1%80%B9%E1%80%81%E1%80%90%E1%80%BA%E1%80%90%E1%80%AC%E1%80%9B%E1%80%AC
ကုန်းဖောက်ရွာ၊ မြိတ်မြို့နယ်
ကုန်းဖောက်ရွာ()သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု (Myeik Taung)၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ 177459 ဖြစ်သည်။ မြိတ်တောင်ကျေးရွာအုပ်စု တစုလုံးတွင် ၂၀၁၄ သန်းခေါင်းစာရင်းအရ အိမ်ခြေ ၇၅၃၇ ရှိပြီး၊ စုစုပေါင်း ၄၃၇၂၁ ဦးနေထိုင်သည်။ ကိုးကား မြိတ်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%96%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%BC%E1%80%AD%E1%80%90%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
သဲဖြူဝအရှေ့ (ရွာမ)ရွာ၊ မြင်းခြံမြို့နယ်
သဲဖြူဝအရှေ့ (ရွာမ)ရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ သဲဖြူဝကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၁၃၅၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သဲဖြူဝကျေးရွာအုပ်စုတွင် ကျား ၁၅၈၀ ဦး၊ မ ၂၁၁၅ ဦး၊ လူဦးရေ စုစုပေါင်း ၃၆၉၅ ဦးနေထိုင်သည်။ ကိုးကား မြင်းခြံမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%B2%E1%80%96%E1%80%BC%E1%80%B0%E1%80%9D%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%20%28%E1%80%9B%E1%80%BD%E1%80%AC%E1%80%99%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
နမ့်မူကိုရွာ၊ မိုင်းပျဉ်းမြို့နယ်
နမ့်မူကိုရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ထမ်ယမ်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၂၁၅၂၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ထမ်ယမ်းကျေးရွာအုပ်စုတွင် ကျား ၁၈၅၀ ဦး၊ မ ၁၆၇၉ ဦး၊ လူဦးရေ စုစုပေါင်း ၃၅၂၉ ဦးနေထိုင်သည်။ ကိုးကား မိုင်းပျဉ်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%99%E1%80%B7%E1%80%BA%E1%80%99%E1%80%B0%E1%80%80%E1%80%AD%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BB%E1%80%89%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဂျွန် မက္ကာသီ
ဂျွန် မက္ကာသီ () (၁၉၂၇-၂၀၁၁) သည် အမေရိကန်လူမျိုး ကွန်ပျူတာသိပ္ပံ ပညာရှင်နှင့် သိမြင်မှုသိပ္ပံ (Cognitive Science) ပညာရှင် တစ်ဦး ဖြစ်သည်။ ဉာဏ်ရည်တု အခြေခံသတ်မှတ်ချက်များ ပေးခဲ့သည့် ကနဦးလုပ်ဆောင်သူများအနက် တစ်ဦးဖြစ်သည်။ ဉာဏ်ရည်တု ဟူသော ဝေါဟာရကို တီထွင်ကာ အစောပိုင်းဖန်တီးမှုများ ဦးဆောင်ခဲ့ခြင်းက လည်းကောင်း၊ LISP ကွန်ပျူတာဘာသာစကားကို ဖန်တီးခြင်းကာ ALGOL ကွန်ပျူတာဘာသာစကား၏ ဒီဇိုင်းကို လွှမ်းမိုးနိုင်ခဲ့ခြင်းက လည်းကောင်း၊ အချိန်မျှသုံးခြင်း ကို လူသိများစေခြင်းက လည်းကောင်း မက္ကာသီအား ထင်ရှားစေခဲ့သည်။ အသက်မွေးဘဝကို စတန်းဖို့ တက္ကသိုလ်တွင် ကုန်ဆုံးစေခဲ့သည်။ ဆုတံဆိပ် အများအပြား ရခဲ့ရာ ဉာဏ်ရည်တုတွင် ပါဝင်ဆောင်ရွက်ခြင်းကြောင့် တူရင်းဆုအား ၁၉၇၁ ခုတွင် လည်းကောင်း၊ အမေရိကန်နိုင်ငံ၏ သိပ္ပံဆိုင်ရာ အမျိုးသားဆုတံဆိပ်ကို လည်းကောင်း၊ ကျိုတိုဆုကို လည်းကောင်း ချီးမြှင့်ခံရဖူးသည်။ တစ်ကိုယ်ရေ ဘဝ ဘာသာမဲ့ဟု မက္ကာသီက သူ့ကိုယ်သူ ခံယူထားသည်။ ကွန်မြူနစ်အဖြစ် မြေတောင်မြှောက်ခံရသော်လည်း ဆိုဗီယက် ဝင်ရောက်မှု ဖြစ်ပြီးသည့် ၁၉၆၈ ခုတွင် ချက်ကိုစလိုဗေးကီးယားသို့ ၂ ရက်ကြာ ခရီးသွားပြီးနောက် ကွန်ဆာဗေးတစ် ရီပါဗလစ်ကန် (Conservative republican) တစ်ဦး ဖြစ်လာသည်။ စတန်းဖို့ရှိ နေအိမ်၌ ၂၀၁၁ ခု၊ အောက်တိုဘာလ ၂၄ ရက်တွင် ကွယ်လွန်သည်။ ကိုးကား ၁၉၂၇ မွေးဖွားသူများ ၂၀၁၁ ကွယ်လွန်သူများ
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%20%E1%80%99%E1%80%80%E1%80%B9%E1%80%80%E1%80%AC%E1%80%9E%E1%80%AE
ဂျင်းနီ (အဆိုတော်)
ဟန်နွေငြိမ်း (ခ) ဂျင်းနီသည် အဆိုတော်တစ်ဦးနှင့် အလှမယ်တစ်ဦး ဖြစ်သည်။ ဂျင်းနီကို ၁၉၈၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် မွေးဖွားခဲ့ပြီး တစ်ဦးတည်းသော သမီးဖြစ်သည်။ ငယ်စဉ်ကတည်းက မြန်မာအကကို ဝါသနာပါခဲ့သည်။ မူကြိုကျောင်းမှစတင် ကခဲ့ပြီး ဆုများရရှိခဲ့သည်။ ၃တန်းရောက်သောအခါ အကပြိုင်ခဲ့သည်။ သူငယ်တန်းမှ ဒသမတန်းအထိ အ.ထ.က(၂)လသာ ဆရာမကြီး ဒေါ်ဝင်းကြည်နှင့် ဆရာမကြီး ဒေါ်ခင်အုန်းမြင့် လက်ထက်တွင် ပညာလေ့လာသင်ကြားခဲ့သည်။ ဂျင်းနီ ၈တန်း တက်နေစဉ် ပြည်နယ်နှင့်တိုင်း အေရိုးပစ် ပြိုင်ပွဲ ရန်ကုန်တိုင်း ကိုယ်စားပြု လသာ၂ အဖွဲ့ဝင်တစ်ယောက်အဖြစ် ဝင်ပြိုင်ခဲ့သည်။ အထက (၂) လသာ စုံညီပွဲတော် ၂၀၀၁ ခုနှစ်တွင် နှစ်ပါးသွားအက၊ ရုပ်သေးအက၊ ဆီးမီးခွက်အကများအနက် ရုပ်သေးအကကို အေးချမ်းမေ နှင့်အတူ ကခဲ့သည်။ မြန်မာ့အသံ ရုပ်မြင်သရုပ်ဆောင်-အငြိမ့်ပွဲတွင် ကလေးသရုပ်ဆောင်အဖြစ် ဆုရရှိခဲ့သည်။ မြန်မာ့ရိုးရာ ဆိုကရေးတီး ပြိုင်ပွဲတွင် ငယ်ငယ်လေးကတည်းက ယှဉ်ပြိုင်ကခဲ့ပြီး ဆုပေါင်းများစွာ ရရှိခဲ့သည်။ ရွှေတံဆိပ် ၃ခု၊ ငွေတံဆိပ် ၂ခု၊ ကြေးတံဆိပ် ၁ခု တို့လည်း ရရှိခဲ့သည်။ လာအိုတွင် ကျင်းပခဲ့သော ၆ ကြိမ်မြောက် အာရှကလေးများစုံညီပွဲတော် ကျောင်းပေါင်းစုံ ပြည်နယ်နှင့်တိုင်း ဆိုကရေးတီးတွင် ဆုရရှိခဲ့ကြသောသူများ၊ စာပေထူးချွန်သူများနှင့် အတူ ဂျင်းနီသည် နှစ်ပါးသွားအက၊ ဦးရွှေရိုး-ဒေါ်မိုးအက၊ တိုင်းရင်းသားဝတ်စုံဖြင့်ကခြင်းတို့ဖြင့် ဖျော်ဖြေကခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဇူလိုင်နှင့်အတူ Witch အဖွဲ့တည်ထောင်ရင်း သီချင်းဆိုဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် မယုံတော့ဘူး အမည်ရှိ ပထမဆုံး သီချင်းအခွေ ထွက်ခဲ့သည်။ ၂၀၀၅ ပြည်နယ်နှင့်တိုင်း ပြိုင်ပွဲ၊ ၂၀၀၈ အိုလံပစ်ပြိုင်ပွဲတို့တွင် ကာယအလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ မြစ်ကြီးနားတွင်လည်း ပြိုင်ခဲ့သည်။ ဂျင်းနီ (ခ) ဟန်နွေငြိမ်းသည် ဆွဲဆောင်မှုရှိသည့် ကိုယ်ခန္ဓာအချိုးအစား ပိုင်ဆိုင်ထားသော အဆိုတော်အဖြစ် လူသိများသည်။ ကိုးကား မြန်မာ အမျိုးသမီး အဆိုတော်များ
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%AE%20%28%E1%80%A1%E1%80%86%E1%80%AD%E1%80%AF%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%29
ဟိုတဲအိဘူတာ
ဟိုတဲအိဘူတာ (布袋駅 ဟိုတဲအိ - အဲခိ ) သည် ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ ခိုးနန်းမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ကိုးကား ဂျပန်နိုင်ငံရှိ ဘူတာရုံများ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%AD%E1%80%AF%E1%80%90%E1%80%B2%E1%80%A1%E1%80%AD%E1%80%98%E1%80%B0%E1%80%90%E1%80%AC
ခဝချိ - အမမိဘူတာ
ခဝချိ - အမမိဘူတာ (河内天美駅 ခဝချိ - အမမိ- အဲခိ ) သည် ဂျပန်နိုင်ငံ၊ အိုဆာကာခရိုင်၊ မဆွတ်ဘရမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ကိုးကား ဂျပန်နိုင်ငံရှိ ဘူတာရုံများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%9D%E1%80%81%E1%80%BB%E1%80%AD%20-%20%E1%80%A1%E1%80%99%E1%80%99%E1%80%AD%E1%80%98%E1%80%B0%E1%80%90%E1%80%AC
ပြည်သူ့ကျန်းမာရေး
ပြည်သူ့ကျန်းမာရေး ဆိုသည်မှာ "လူ့အဖွဲ့အစည်း၊ အသင်းအဖွဲ့များ၊ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်၊ လူမှုအစု နှင့် တစ်ဦးတစ်ယောက်ချင်းစီ၏ စနစ်ကျသော အားထုတ်ကြိုးပမ်းမှု နှင့် ကြိုတင်အသိပေးထားသော ရွေးချယ်မှုများ မှ တဆင့် ရောဂါများကို တားဆီးခြင်း၊ လူ့သက်တမ်းကို ရှည်စေခြင်းနှင့် ကျန်းမာရေး မြှင့်တင် ခြင်းတို့ ဖြစ်စေသည့် သိပ္ပံနှင့် ဝိဇ္ဇာပညာဖြစ်သည်။ " (1920,C.E.A. Winslow) ဤအရာသည် ပြည်သူလူထု ကျန်းမာရေး ခွဲခြမ်းစိတ်ဖြာခြင်းပေါ်တွင် အခြေခံသော လူထု၏ အလုံးစုံကျန်းမာရေးကို ခြိမ်းခြောက်မှု များ နှင့် သက်ဆိုင်သည်။ မေးခွန်းအမေးခံရမည့် လူဦးရေသည် လက်တစ်ဆုပ်စာမျှရှိသော အနည်းစု သို့မဟုတ် တိုက်ကြီးများတွင် နေထိုင်ကြသူများကဲ့သို့ အများစု (ဥပမာ ကမ္ဘာအနှံ့ဖြစ်ပွားသော ရောဂါဖြစ်ရပ်) ဖြစ်နိုင် သည်။ ပြည်သူ့ကျန်းမာရေးကို ထုံးစံအားဖြင့် ရောဂါကူးစက်ပြန့်ပွားပုံကို လေ့လာခြင်းဆိုင်ရာ ပညာရပ်၊ သက်ရှိနှင့် ဆိုင်သော စာရင်းဇယားများ နှင့် ကျန်းမာရေးဝန်ဆောင်မှုများ ဟူ၍ ပိုင်းခြားထားသည်။ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ၊ လူမှုရေး၊ အပြုအမူပိုင်းဆိုင်ရာ နှင့် လုပ်ငန်းခွင်ကျန်းမာရေး တို့သည်လည်း အရေးပါသော ကဏ္ဍ အခွဲများ ဖြစ်သည်။ ထင်ရှားသော သွင်ပြင်လက္ခဏာ ပြည်သူ့ကျန်းမာရေး၏ ထင်ရှားသော သွင်ပြင်လက္ခဏာ 2 ရပ်မှာ- ၎င်းသည် ကျန်းမာရေးဆိုင်ရာ ကုသသည့် ကဏ္ဍ အစား တားဆီးသည့်အပိုင်းနှင့် ပတ်သက်ဆက်နွယ်သည်။ ၎င်းသည် တစ်ဦးတစ်ယောက်ချင်းအဆင့် ကျန်းမာရေးကိစ္စများ အစား လူဦးရေအဆင့်နှင့် ပတ်သက်ဆက်နွယ်သည်။ ပြည်သူ့ကျန်းမာရေး ကြားဝင်ဆောင်ရွက်ခြင်း၏ အာရုံစိုက်မှုမှာ ရောဂါတစ်ခုကို ကုသမည့်အစား ဝေဒနာအခြေအနေများကို စောင့်ကြည့်ခြင်းနှင့် ကျန်းမာစေမည့်အပြုအမူများကို မြှင့်တင်ပေးခြင်းမှတဆင့် တားဆီးရန် ဖြစ်သည်။ ထိုလှုပ်ရှားမှုများအပြင် ကူးစက်ရောဂါ တစ်ခုဖြစ်ပွားနေစဉ် အတွင်းကဲ့သို့သော အခြေအနေများစွာတို့တွင် ထိုရောဂါကို တားဆီးရန်အတွက် အရေးပါကောင်းပါလိမ့်မည်။ လက်ကိုဆေးကြောခြင်း၊ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များနှင့် ကွန်ဒုံးများ ဖြန့်ဝေခြင်းတို့သည် ပြည်သူ့ကျန်းမာရေးစီမံချက်များ၏ ဥပမာများ ဖြစ်သည်။ ပြည်သူ့ကျန်းမာရေး၏ ရည်မှန်းချက်မှာ ရောဂါများကို တားဆီးခြင်းနှင့် ကုသခြင်းမှတဆင့် အသက်ပေါင်းများစွာကို ကယ်တင်ရန်ဖြစ်သည်။ ကုလသမဂ္ဂ၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျန်းမာခြင်းကို" ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးသုခ ပြီးပြည့်စုံသောအခြေအနေတစ်ရပ်ဖြစ်ပြီး ရောဂါ သို့မဟုတ် အိုမင်းမစွမ်းခြင်းတို့ ကင်းမဲ့ခြင်းမျှသာ မဟုတ်ပါ " ဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။ ဦးတည်ချက်များ ပြည်သူ့ကျန်းမာရေး ကြားဝင်ဆောင်ရွက်ခြင်း၏ အာရုံစိုက်မှုမှာ ရောဂါတစ်ခုကို ကုသမည့်အစား ဝေဒနာ အခြေ အနေများကို စောင့်ကြည့်ခြင်းနှင့် ကျန်းမာစေမည့်အပြုအမူများကို မြှင့်တင်ပေးခြင်းမှတဆင့် တားဆီးရန် ဖြစ် သည်။ ထိုလှုပ်ရှားမှုများ အပြင် ကူးစက်ရောဂါ ဖြစ်ပွားခြင်း သို့မဟုတ် အစာ သို့မဟုတ် ရေပေးဝေခြင်း တို့ကို ညစ်ညမ်းစေခြင်း တို့ကဲ့သို့သော အခြေအနေများတွင် ရောဂါကို ကုသခြင်းသည် အခြားသို့ ၎င်းရောဂါ ပျံ့နှံ့ခြင်း ကို တားဆီးရန် အတွက် အရေးပါနိုင်သည်။ ကာကွယ်ဆေး ထိုးခြင်း အစီအစဉ်များနှင့် ကွန်ဒုံးများ ဖြန့်ဝေခြင်း တို့သည် ပြည်သူ့ကျန်းမာရေးစီမံချက်များ၏ ဥပမာများဖြစ်သည်။ တိုင်းပြည်အများစုတွင် ပြည်တွင်းကျန်းမာရေးကိစ္စများကို တုံ့ပြန်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အစိုးရ ပြည်သူ့ကျန်းမာရေး အေဂျင်စီများရှိသည်။ ၎င်းအေဂျင်စီများကို တစ်ခါတစ်ရံ ကျန်းမာရေးဝန်ကြီးဌာန ဟု သိရှိ ကြသည်။ အမေရိကန် ပြည်ထောင်စုတွင် ပြည်သူ့ကျန်းမာရေးပဏာမခြေလှမ်းများ၏ ရှေ့တန်း မှ ဆောင်ရွက်သူများမှာ ပြည်နယ် နှင့် ဒေသတွင်း ကျန်းမာရေးဌာနများ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ပြည်သူ့ကျန်းမာရေး ဆေးမှူးချုပ် ဦဆောင်သော အမေရိကန်ပြည်ထောင်စု ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း (PHS) နှင့် အက်တလန်တာ တွင် ရုံးချုပ် အခြေစိုက် သော ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာန တို့သည် ၎င်းတို့၏ အမျိုးသားရေးတာဝန်များအပြင် အပြည်ပြည်ဆိုင်ရာကျန်းမာရေး လှုပ်ရှားမှုများစွာတို့ ၌ပါဝင် ပတ် သက်ကြရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အကြားတွင် ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးပြီး နိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အကြားတွင် ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပြည်သူ့ကျန်းမာရေး ပဏာမ အစီအစဉ်များကို ရယူခံစားခွင့် အခွင့်အလမ်းမှာ ကြီးမားသော ကွာဟချက် တစ်ရပ် အဖြစ်ရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် ပြည်သူ့ကျန်းမာရေး အခြေခံဆောက်အအုံများမှာ ပုံဖော်နေဆဲဖြစ်သည်။ အခြေခံဆေးဝါးကုသ စောင့်ရှောက်ခြင်း အဆင့်နှင့် ရောဂါတားဆီးခြင်းကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်သော် မှ လုံလောက်သော လေ့ကျင့် သင်ကြားထားသည့် ကျန်းမာရေး အလုပ်သမားများ သို့မဟုတ် ငွေကြေး အရင်းအမြစ်များ မရှိနိုင်ပါ။ ရလဒ်အားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရောဂါနှင့် အသေအပျောက်နှုန်း အများစုသည် အလွန်အမင်း ဆင်းရဲခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဥပမာ- အာဖရိကန်အစိုးရများစွာ တို့သည် တစ်နှစ်လျှင် လူတစ်ဦး အတွက် ကျန်းမာရေးစောင့်ရှောက်မှု အဖြစ် အမေရိကန်ဒေါ်လာ 10 အောက်လျော့နည်းပြီး သုံးစွဲသော်လည်း အမေရိကန်ပြည်ထောင်စုတွင် ဖယ်ဒရယ် အစိုးရသည် 2000 ခုနှစ်တွင် လူတစ်ဦးလျှင် ခန့်မှန်းချေအားဖြင့် အမေရိကန်ဒေါ်လာ 4,500 သုံးစွဲ ခဲ့သည်။၏ရောဂါအများအပြားသည် ရိုးရှင်းပြီး၊ ဆေးကုခြင်း မဟုတ်သည့် နည်းလမ်းများမှ တဆင့်တားဆီးနိုင်သည်။ ဥပမာ- လက်ဆေးခြင်း ဖြစ်သည့် ရိုးရှင်းသော အပြုအမူသည် ကူးစက်တတ်သော ရောဂါများကို တားဆီးပေး နိုင်ကြောင်း သုတေသနတစ်ခုမှ ပြသခဲ့သည်။ ဖွံ့ဖြိုးဆဲကမ္ဘာ နှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဒေသခံကျန်းမာရေး စနစ်များနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ မှတဆင့် ပြည်သူ့ကျန်းမာရေးသည် ရောဂါ တားဆီးရေး ကြိုးစားအားထုတ်မှုများတွင် အရေးပါသောအခန်းမှ ပါဝင်သည်။ ဤပညာရပ်နယ်ပယ်နှင့် သက်ဆိုင်သော အဓိက ဘွဲ့လွန်အတတ်ပညာဆိုင်ရာ ဘွဲ့နှစ်ခုမှာ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ (MPH) သို့မဟုတ် (ပို၍ရှားပါးသော) ပြည်သူ့ကျန်းမာရေး ပါရဂူဘွဲ့(DrPH) တို့ဖြစ်သည်။ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သုတေသနပြုသူအများအပြားသည် ၎င်းတို့အထူးပြုသည့် ပညာရပ်နယ်ပယ် တွင် ပါရဂူဘွဲ့များ (PhDs) ကို ရရှိထားကြပြီး ပြည်သူ့ကျန်းမာရေးအစီအစဉ် အချို့သည် ညီမျှသော သိပ္ပံပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ ကို အစားပေးအပ်ကြသည်။ မျက်မှောက်ခေတ် ပြည်သူ့ကျန်းမာရေး ၂၀ ရာစုနှစ် တစ်လျှောက်လုံးတွင် ဖွံ့ဖြိုးပြီးကမ္ဘာအတွင်း၌ ကူးစက်ရောဂါများ ပျံ့နှံ့မှုသည် ကျဆင်းလာသည် နှင့် အမျှ ပြည်သူ့ကျန်းမာရေးသည် နာတာရှည်ရောဂါများဖြစ်သော ကင်ဆာရောဂါနှင့် နှလုံးရောဂါများအပေါ် တွင် စတင်၍ ပိုမိုအာရုံစိုက်လာသည်။ ကိုယ်ခန္ဓာ ကိုယ်လက်လှုပ်ရှားမှုအပေါ်တွင် အလေးထားခြင်းမှာ ပြန် လည် အသက်သွင်းခြင်းခံရသည်။ အမေရိကတွင် ပြည်သူ့ကျန်းမာရေး လုပ်သားဖြစ်သူ ဒေါက်တာ ဆာရာ ဂျိုစဖင်း ဘေကာ (Dr.Sara Josephine Baker) သည် ကာကွယ်တားဆီးရေးနည်းလမ်းများကို အသုံးပြု၍ ကလေးအသေအပျောက်နှုန်းကို ကျဆင်း စေခဲ့သည်။ သူမသည် နယူးယော့(ခ်) မြို့တော်ရှိ ဆင်းရဲသူ၊ဆင်းရဲသားတို့၏ ကလေးများ ကျန်းမာရေးအတွက် အစီအစဉ်များစွာကို အစပြုခဲ့သည်။ ဒေါက်တာ ဘေကာ (Dr. Baker) သည် သူနာပြု အဖွဲ့ များကို ဦးဆောင်၍ ဟဲလ်ကစ်ချမ်း နေရာတစ်ဝိုက် (Hell's Kitchen) ၏ လူထူထပ်သော ရပ်ကွက်များသို့ သွားရောက်ပြီး မိခင် များအား သူတို့၏ကလေးများကို မည်သို့အဝတ်အစားလဲပေးရန်၊ ကျွေးမွေးရန်နှင့် ရေချိုးပေးရန်တို့ကို သင်ကြား ပေးခဲ့သည်။ ပထမကမ္ဘာစစ် ပြီးနောက်တွင် တိုင်းပြည်အများအပြားသည် ကလေး အသေအပျောက်နှုန်းကို လျော့ချရန် သူမ၏ ဥပမာကို လိုက်နာဆောင်ရွက်ကြသည်။ ၂၀ ရာစုအတွင်းတွင် ပျမ်းမျှလူ့သက်တမ်း တရှိန်ထိုး တိုးမြင့်လာခြင်းသည် ပြည်သူ့ကျန်းမာရေး၏ အောင်မြင် ဖြစ် ထွန်းမှုများကြောင့်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်လက်ခံထားကြသည်။ ထိုအောင်မြင် ဖြစ်ထွန်းမှုများမှာ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များနှင့် ကူးစက်ရောဂါ ထိန်းချုပ်ခြင်း၊ မော်တော်ယာဉ်နှင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးကဲ့သို့သော အန္တရာယ်ကင်းရှင်းရေး ပေါ်လစီများ၊ တိုးတက်လာသော မိသားစု စီမံကိန်း၊ သောက်ရေ တွင် ဖလူအိုရိုက်(ဒ်) ဒြပ်ပေါင်းကို ရောထည့်ပေးခြင်း၊ ဆေးလိပ်ငွေ့ကင်းစေသော စီမံချက်များနှင့် နာတာရှည်ရောဂါ များကို ကျဆင်းစေသည့် အစီအစဉ်များတို့ ဖြစ်ကြသည်။ ထိုကာလအတွင်းတွင် ဖွံ့ဖြိုးဆဲကမ္ဘာသည် ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်တားဆီးနိုင်သော ကူးစက်ရောဂါများ ကြောင့် ဒုက္ခခံစားနေရဆဲဖြစ်ပြီး အဟာရဓာတ်မပြည့်ဝခြင်းနှင့် ဆင်းရဲမှုတို့ကြောင့် ပိုမိုဆိုးရွားစေသည်။ မျက်နှာ ဖုံး သတင်းခေါင်းကြီးပိုင်းများသည် နေ့စဉ် လူမှုအဖွဲ့အစည်းရင်ဆိုင်နေရသော ပြည်သူ့ကျန်းမာရေး ကိစ္စများကို ဆက်လက်တင်ပြနေဆဲဖြစ်သည်- SARS ကဲ့သို့သော ပေါ်ထွက်လာသည့် ကူးစက်ရောဂါများ- ၎င်းရောဂါသည် တရုတ်ပြည်မှ ကနေဒါ) နှင့် အမေရိကန်ပြည်ထောင်စု သို့ ကူးစက်သွားသည် (တရုတ်ပြည်၏ ပြည်သူ့ကျန်းမာရေး ကိုကြည့်ပါ)၊ Medicare (မယ်(လ်)ဒီကဲ)- ကဲ့သို့သော အများပြည်သူဆိုင်ရာ အစီအစဉ်များအောက်ရှိ ဆေးအညွှန်းစာဖြင့် ဝယ်ယူရသည့်ဆေးဝါးအကျိုးခံစားခွင့်များ၊ လိင်မတူ ကာမဆက်ဆံ သည့် ငယ်ရွယ်သောအမျိုးသမီးများတွင် HIV-AIDS ဖြစ်ပွားမှု တိုးမြင့်လာခြင်းနှင့် တောင်အာဖ ရိက တွင် ၎င်းရောဂါဖြစ်ပွားမှုပျံ့နှံ့ခြင်း၊ ကလေးအရွယ် အဝလွန်ခြင်း တိုးမြင့်လာခြင်းနှင့် ကလေးသူငယ်များအကြား တွင် တစ်ပါတည်းဖြစ်သော အမျိုးအစား II ဆီးချိုရောဂါ တိုးမြင့်လာခြင်း၊ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန် ဆောင်ခြင်း၏ အကျိုးသက်ရောက်မှုနှင့် 2004 ဆူနာမီ နှင့် 2005 ကတ်ထရီနာ ဟာရီကိန်း နှင့် ဆက်နွယ်လျက်ရှိသော ဖြစ်ပွားနေဆဲဖြစ်သည့် လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး ဘေး ဒုက္ခများ တို့ဖြစ်သည်။ ထိုအရာများအားလုံးသည် ဆက်လက် ဖြစ်ပွားနေသော ပြည်သူ့ ကျန်းမာရေး စိန်ခေါ်မှု များဖြစ်သည်။ ပြည်သူလူထုကျန်းမာရေး နယ်ပယ် ၁၉၈၀ ခုနှစ်ဦးပိုင်းများကတည်းက ကြီးထွားလာသော ပြည်သူလူထုကျန်းမာရေး နယ်ပယ်သည် ပြည်သူ့ကျန်းမာရေး အာရုံ စိုက်မှုအား တစ်ဦးတစ်ယောက်ချင်း၏ အပြုအမူများနှင့် အန္တရာယ်ရှိနိုင်သည့် အချက်အလက်များ မှ မညီမျှမှု၊ ဆင်းရဲမှုနှင့် ပညာရေးကဲ့သို့သော လူထုအဆင့်ကိစ္စများဆီသို့ ချဲ ့ထွင်ခဲ့သည်။ မျက်မှောက်ခေတ် ပြည်သူ့ကျန်းမာ ရေးသည် တစ်ဦးတစ်ယောက်ချင်းစီ၏ အပြုအမူပြောင်းလဲခြင်း အတွက် ထောက်ခံအားပေးသည့်အစား လူသားထုတစ်ရပ်အတွင်း ကျန်းမာရေးကို အဆုံးအဖြတ်ပေးသည့် အရာများကို ပြောဆိုခြင်းနှင့် ပတ်သက် လေ့ရှိသည်။ ကျွန်ုပ်တို့၏ကျန်းမာရေးကို ကျွန်ုပ်တို့နေထိုင်သည့် နေရာ၊ မျိုးရိုးဗီဇ၊ကျွန်ုပ်တို့၏ ဝင်ငွေ၊ ပညာရေးအခြေအနေနှင့် ကျွန်ုပ်တို့၏လူမှုရေးဆက်သွယ်မှုများ အပါအဝင် အခြေခံအကြောင်းများစွာ မှ သက်ရောက်မှုရှိကြောင်း အသိ အမှတ်ပြုခြင်းခံရပြီး- ၎င်းတို့အား "ကျန်းမာရေးဆိုင်ရာ လူမှုရေး အဆုံးအဖြတ်များ" ဟု သိရှိကြသည်။ ကျန်းမာ ရေးဆိုင်ရာ လူမှုရေးပြောင်းလဲနှုန်းသည် လူမှုအဖွဲ့အစည်းကို ရိုက်ခတ်လှုပ်ရှားပြီး၊ အဆင်းရဲဆုံးသော လူများ သည် ယေဘုယျအားဖြင့် အဆိုးဝါးဆုံးသော ကျန်းမာရေးအခြေအနေကို ခံစားရသည်။ သို့သော် အ လယ်အလတ် အတန်းအစားတွင်ရှိသော လူများသော်မှ ပို၍မြင့်မားသော လူမှုအလွှာအတွင်းရှိ လူအများထက် ပိုမိုဆိုးဝါးသော ကျန်းမာရေးရလဒ်များကို ယေဘုယျအားဖြင့် ရရှိကြသည်။ အသစ်ဖြစ်သော ပြည်သူ့ကျန်းမာရေး သည် သာတူညီမျှဖြစ်သောနည်းဟန်ဖြင့် ကျန်းမာရေးကိုတိုးတက်စေမည့် လူအများစုကို အခြေခံသောမူဝါဒများ အတွက် ထောက်ခံပြောဆိုခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ မညီမျှမှုများကို ရှာဖွေ၍ အမည်တပ်ပြောဆိုသည်။ ပြည်သူ့ကျန်းမာရေး အစီအစဉ်များ ယနေ့မျက်မှောက်ခေတ်တွင် ပြည်သူ့ကျန်းမာရေးအတွက် အစိုးရ ရန်ပုံငွေသည် ဆေးဝါးများအတွက်နှင့် နှိုင်းယှဉ်ပါက ယေဘုယျအားဖြင့် သိသိသာသာလျော့နည်းပြီး ရရှိသော်လည်း ရောဂါဖြစ်ပွားမှု ပမာဏ၊ မသန်မစွမ်းဖြစ်ခြင်းနှင့် အသက်အရွယ်ကြီးရင့်ခြင်း၏ သက်ရောက်မှုများကို လျော့ချရာတွင် ပြည်သူ့ကျန်းမာရေး အစီအစဉ်များ ၏အရေးပါပုံကို အစိုးရအများစုမှ အသိအမှတ်ပြုကြသည်။ မကြာသေးမီနှစ်များအတွင်းက ကာကွယ်ဆေးထိုးသည့် ပြည်သူ့ကျန်းမာရေး အစီအစဉ်သည် နှစ်ထောင်ပေါင်းများစွာ လူသားထုတစ်ရပ်လုံးကို ဒုက္ခပေးနေသည့် ရောဂါတစ်ရပ်ဖြစ်သည့် ဝက်သက်ရောဂါကို အမြစ်ဖြတ်ခြင်း အပါအဝင် ကျန်းမာရေး အဆင့်တိုး မြင့်ရာ၌ မယုံကြည်နိုင်လောက်အောင် တိုးတက်မှုအရှိန်များ ရရှိခဲ့သည်။ လောလောဆယ်တွင် ကမ္ဘာကြီးမှ ရင်ဆိုင်နေရသော အရေးပါသည့် ပြည်သူ့ကျန်းမာရေး ကိစ္စတစ်ရပ်မှာ ခုခံအားကျဆင်းမှုရောဂါ(HIV/AIDS)ဖြစ်သည်။ ပဋိဇီဝဆေးများကို ခံနိုင်ရည် ရှိခြင်း မှာ အခြားသော အဓိက အလေးထားစရာ တစ်ရပ်ဖြစ်ပြီး အဆုတ်နာရောဂါ (TB)ကဲ့သို့သော ရောဂါများကို တစ်ကျော့ပြန်လည်၍ ခေါင်းထောင်ထလာခြင်းကို ဦးတည်စေသည်။ အခြားသော အရေးပါသည့် ပြည်သူ့ကျန်းမာရေး အလေးထားစရာတစ်ရပ်မှာ ဆီးချိုရောဂါဖြစ် သည်။ 2006 ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အဆိုအရ တစ်ကမ္ဘာလုံးတွင် လူဦးရေ171သန်းသည်ဆီးချိုရောဂါခံစားနေရကြောင်း သိရသည်။ ထိုဖြစ်ပွားမှု ပမာဏသည် လျင်မြန်စွာ တိုး တက်လာပြီး 2030 ခုနှစ်တွင် ထိုအရေအတွက်သည် နှစ်ဆအထိ ဖြစ်လိမ့်မည် ဟုခန့်မှန်းသည်။ ပြည်သူ့ကျန်းမာ ရေးနှင့် ပတ်သက်၍ အငြင်းပွားစရာအချက်မှာ ဆေးလိပ်သောက်ခြင်းကို ထိန်းချုပ်မှုဖြစ်သည်။ ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်ပွားသော ကူးစက်ပျံ့နှံ့ခြင်းမရှိသည့် ရောဂါများ သည် ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက် လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကူးစက်ပျံ့နှံ့ တတ်သည့် ရောဂါများ သည် တိုးတက်ကောင်းမွန် လာစေ ရန် အချိန်ကာလ အနည်းငယ်သာလိုအပ်ပြီး ၎င်းနှင့် မတူညီစွာဖြင့် ကူးစက်ပျံ့နှံ့ခြင်း မရှိသည့်ရောဂါများ တိုး တက်ကောင်းမွန်မှုအတွက် ရေရှည်နည်းဗျူဟာတစ်ရပ် လိုအပ်သည်။ ဤသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ကူးစက်ပျံ့နှံ့တတ်သည့် ရောဂါများသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ဦးစားပေးမှုအဆင့်တွင် ထိပ်ဆုံးနေရာ၌ ရှိသော်လည်း ကူးစက်ပျံ့နှံ့ခြင်းမရှိသည့် ရောဂါများသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ဦးစားပေးမှုအဆင့်တွင် အောက်ဆုံးနေရာ၌ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစနစ်သည် ကူးစက်ပျံ့နှံ့တတ်သည့် ရောဂါများနှင့် ကူးစက်ပျံ့နှံ့ခြင်းမရှိသည့် ရောဂါများကို တပြေးညီဖြစ်စေရန် နည်းလမ်းတစ်ခုကိုရှာဖွေရန်လိုအပ်သည်။ ထိုကျန်းမာရေးပြဿနာများသည် ပုဂ္ဂလိက အခန်းကဏ္ဍ၏ အလွန်အကျွံဘောင်ခတ် ကန့်သတ်ထားခြင်းအတွင်း၌ ရှိပြီး ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်းဖြင့် ၎င်းတို့သည် အချိန် တိုင်းလိုလို အကျိုးခံစားရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျန်းမာရေး ပြဿနာများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အများကို နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းနည်းများအပေါ်တွင် အလေးထားသည့် စက်မှုလုပ်ငန်း များမှ ပြုလုပ်ကြသည်။ နိုင်ငံအများ၏ကျန်းမာရေးလုပ်ဆောင်မှုအားနည်းချက်များ နိုင်ငံအားလုံး၏အစိုးရတိုင်းသည် မိမိတို့၏အကျိုးအတွက်သာပြုလုပ်ကြသည့် ပုဂ္ဂလိက ပိုင်း လုပ်ဆောင်သူများကိုသာ မှီခိုအားထားနေမည့်အစား ကြိုတင်၍ စီစဉ်ထားသော အဖြေရှာခြင်းများ အပေါ် တွင် ပို၍ အာရုံစိုက်ရန်လိုအပ်သည်။ တစ်ပြိုင်တည်းမှာပင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ မူဝါဒ ချမှတ်ခြင်း သည် စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများနှင့် ပို၍ တိုပြီး ပူးပေါင်း ဆောင်ရွက်နေပြီး၊ စီးပွားရေး လုပ်ငန်းများနှင့် အတူတွဲလျက် လုပ်ဆောင်နေပြီ ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်နှင့် ကမ္ဘာလုံးဆိုင်ရာ အဆင့် များတို့၌ အကျိုးသက်ရောက်မှုရှိသော စည်းမျဉ်းများနှင့် စံအဖြစ်သတ်မှတ်ထားသော ပြုမူလုပ်ဆောင်ချက်များ အတွက် လိုအပ်သောအတားအဆီးများကို အာနည်းစေသည်။ နိုင်ငံအများသည် ဆေးလိပ်သောက်ခြင်းကို လျော့ချရန် အဓိကကျသော ပဏာမခြေလှမ်းများအဖြစ် အခွန်များကိုတိုးခြင်းနှင့် အချို့ သို့မဟုတ် အားလုံး သော အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ခြင်းတို့အား အကောင်အထည် ဖော်ဆောင်ရွက်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံအားလုံးတို့တွင် ဆေးလိပ်သောက်ခြင်းသည် အဓိက သေဆုံးစေသူများ အနက်မှ တစ်ခုဖြစ်သည်ကို သက်သေအထောက်အထားများဖြင့် ထောက်ခံသူများမှ တင်ပြသည်။ သို့ဖြစ်ပါ၍ ဆေးလိပ်သောက်သူတို့၏ ဆေးလိပ်ငွေ့များကို ရှူရှိုက်ရခြင်း(တဆင့်ခံ)ကို ကန့်သတ်ခြင်းနှင့် ဆေးလိပ်သောက် သူတို့ကို ဆေးလိပ်သောက်ရန် အခွင့်အရေးအနည်းငယ်သာပေးခြင်းတို့မှ တဆင့်သေဆုံးမှုနှုန်းကို လျော့ချရန် အစိုးရများတွင် တာဝန်တစ်ရပ်ရှိသည်။ ဆန့်ကျင်သူများမှ ဤအရာသည် တစ်ဦးချင်း၏လွတ်လပ်မှုနှင့် ကိုယ် ရေးကိုယ်တာ တာဝန်ဝတ္တရားများကို လျော့ပါးစေခြင်း ဖြစ်သည်ဟုပြောဆိုကြပြီး (ဗြိတိသျှနိုင်ငံတွင် ကလေးထိန်းသကဲ့သို့ အကာအကွယ်ပေးသော စည်းမျဉ်းစည်းကမ်း ဟူသောစကားစုကို အသုံးပြုလေ့ရှိသည်)၊ နိုင်ငံသည် အလုံးစုံ ပို၍ ကောင်းမွန်သော ပြည်သူလူထု ကျန်းမာရေးဟူသော အမည်အောက်တွင် ပို၍ပို၍ရွေးချယ်စရာရှိသည်များကို ဖယ်ရှားရန် ရဲဆေးတင်ပေးသကဲ့ သို့ ဖြစ်နေမည်ကို စိုးရိမ်ကြသည်။ သို့သော်လည်း ဆေးလိပ်သောက်သူများ၏ ဆေးလိပ်ငွေ့ကို ရှုရှိုက်ရခြင်း မှတဆင့် အခြားလူများကို ရောဂါဖြစ်ပွားစေခြင်းသည် လူ့အခွင့်အရေးတစ်ရပ် မဟုတ်ဘဲ၊ ဆေးလိပ်သောက်သူ များ သည် သူတို့၏ကိုယ်ပိုင်အိမ်များတွင် လွတ်လပ်စွာ ဆေးလိပ်သောက် နေနိုင်ဆဲ ဖြစ်သည်ဟု ထောက်ခံ အားပေး သူများသည် တုံ့ပြန်ပြောဆိုကြသည်။ ပြည်သူ့ကျန်းမာရေးနှင့် တိရစ္ဆာန်များ မှလူများဆီသို့ ရောဂါများကူးစက်ပျံ့နှံ့ နိုင်၍ တိရစ္ဆာန်များမှ ဖြစ်ပွားသောရောဂါများနှင့် သက်ဆိုင်သည့် တိရစ္ဆာန်နှင့် အများ ပြည်သူဆိုင်ရာကျန်းမာရေးတို့ အကြားတွင် ဆက်သွယ်ချက် တစ်ရပ်ရှိသည်။ ကိုးကား ပြင်ပလင့်ခ်များ Public Health Information Network Public Health Agency of Canada ကျန်းမာရေး
https://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%9E%E1%80%B0%E1%80%B7%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8
နားမုတ်ရွာ၊ သိန္နီမြို့နယ်
နားမုတ်ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ မိုင်းယန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၆၂၃၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မိုင်းယန်းကျေးရွာအုပ်စုတွင် ကျား ၂၂၈ ဦး၊ မ ၂၆၈ ဦး၊ လူဦးရေ စုစုပေါင်း ၄၉၆ ဦးနေထိုင်သည်။ ကိုးကား သိန္နီမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AC%E1%80%B8%E1%80%99%E1%80%AF%E1%80%90%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9E%E1%80%AD%E1%80%94%E1%80%B9%E1%80%94%E1%80%AE%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
နန်းသီတာ မွေးမြူရွာ၊ ညောင်ရွှေမြို့နယ်
နန်းသီတာ မွေးမြူရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ တိလောစခန်းကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၀၄၄၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တိလောစခန်းကြီးကျေးရွာအုပ်စုတွင် ကျား ၆၉၇၅ ဦး၊ မ ၆၇၉၅ ဦး၊ လူဦးရေ စုစုပေါင်း ၁၃၇၇၀ ဦးနေထိုင်သည်။ ကိုးကား ညောင်ရွှေမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%94%E1%80%BA%E1%80%B8%E1%80%9E%E1%80%AE%E1%80%90%E1%80%AC%20%E1%80%99%E1%80%BD%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%B0%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကြာအင်းကုန်းရွာ၊ ကော့ကရိတ်မြို့နယ်
ကြာအင်းကုန်းရွာ()သည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၀၅၁၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အံဖကြီးကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၄၉၇ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၂၄၅၉ ဦး နေထိုင်သည်။ ကိုးကား ကော့ကရိတ်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%AC%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%B1%E1%80%AC%E1%80%B7%E1%80%80%E1%80%9B%E1%80%AD%E1%80%90%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ရှုံးပွဲမရှိ (ရုပ်ရှင်)
ရှုံးပွဲမရှိ (Invictus) ရုပ်ရှင်ဇာတ်ကားသည် ၁၉၉၅ ခုနှစ် တောင်အာဖရိကနိုင်ငံတွင် ရဂ်ဘီ ကမ္ဘာ့ဖလားပွဲ ကျင်းပနေချိန် အတောအတွင်း သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ၏ ဘဝ အဖြစ်မှန်ကို အရင်းခံ ရိုက်ကူးထားသည့် အတ္ထုပ္ပတ္တိဟန် ဒရာမာဇာတ်ကား တစ်ကားဖြစ်သည်။ ဒါရိုက်တာ ကလင့် အိစ်ဝူဒ် (Clint Eastwood) ၏ လက်ရာဖြစ်ကာ လူမဲမင်းသားကြီး မော်ဂန် ဖရီးမင်း (Morgan Freeman) က သမ္မတ မန်ဒဲလားအဖြစ်၊ မက်တ် ဒေမင် (Matt Damon) က တောင်အာဖရိက အမျိုးသား ရဂ်ဘီအသင်းခေါင်းဆောင် ဖရန်စွာ ပီရဲနား (François Pienaar) အဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။ ဇာတ်လမ်းမှာ ဂျွန် ကာလင် (John Carlin) ၏ ဝတ္ထု Playing the Enemy: Nelson Mandela and the Game That Changed a Nation ကို အခြေခံထားသည်။ ရှုံးပွဲမရှိ ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် စတင် ဖြန့်ချိသည်။ ဇာတ်လမ်းအကျဉ်း ရော့ဘင်ကျွန်းတွင် ဆယ်စုနှစ် များစွာ အကျဉ်းကျခဲ့သည့် နယ်လ်ဆင် မန်ဒဲလားသည် ၁၉၉၀ ခုနှစ်တွင် လွတ်မြောက်လာပြီးပြီးချင်း လူမျိုးရေးခွဲခြားမှု ချုပ်ငြိမ်းရေးနှင့် လူမည်းအများစုတို့ ကိုယ်တိုင်မဲပေးနိုင်သည့် ဒီမိုကရေစီစနစ်ကို အပြည့်အဝ ကျင့်သုံးနိုင်ရန် ကြိုးပမ်းခဲ့သည်။ မန်ဒဲလားသည် သမ္မတရွေးကောက်ပွဲကို အနိုင်ရပြီး ၁၉၉၄ ခုနှစ်တွင် ရာထူးတက်ခဲ့သည်။ သူချက်ချင်းရင်ဆိုင်ရမည့် ပြဿနာမှာ လူမည်းတို့၏ ပြင်းပြသောရည်မှန်းချက်နှင့် လူဖြူတို့၏ စိုးရွံ့မှုများအကြား ချိန်ခွင်လျှာမျှအောင် ဆောင်ရွက်ပေးရန် ဖြစ်ပေသည်။ လူမည်းသမ္မတ ရာထူးတက်လာသည် ဆိုသော်လည်း တိုင်းပြည်အတွင်း အသားအရောင် ကွဲပြားသူများအကြား တင်းမာမှုများ ချက်ချင်း ပျောက်ကွယ်သွားခြင်း မရှိသေးပါ။ ဤအချက်ကို မန်ဒဲလား၏ လုံခြုံရေးအဖွဲ့တွင် ကွက်ကွက်ကွင်းကွင်း တွေ့မြင်နေရသည်။ အသစ်ရောက်လာသည့် လူမည်းဝန်ထမ်းများနှင့် ရှိရင်းစွဲ ဝါရင့် လူဖြူအရာရှိများအကြား လက်ငင်းအခြေအနေအရ တလှေတည်းစီး တခရီးတည်းသွားဖော်များ ဖြစ်ကြသည်ဆိုဦးတော့ တစ်ဦးအပေါ် တစ်ဦး ရန်လိုမှုများ ကိန်းအောင်းလျက် ရှိနေသေးသည်။ မန်ဒဲလားက တိုင်းပြည်၏ ရာဇဝတ်မှုပပျောက်ရေးနှင့် အလုပ်လက်မဲ့ အပါအဝင် အကြီးမားဆုံး ပြဿနာများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေချိန် စပရင်းဘုခ် (Springboks; ခုန်ပျံကျော်လွှားနေသည့် တောဆိတ်) အသင်း၏ ရဂ်ဘီပွဲကို သွားရောက် ကြည့်ရှုသည်။ လူမည်းပရိသတ်များက ကိုယ့်နိုင်ငံအသင်းအတွက် အော်ဟစ်အားပေးနေကြသည်။ သို့သော် ထိုရဂ်ဘီအသင်းမှာ ရာဇဝင်အရ၊ အသင်းသားများသာမက အသင်း၏ အရောင်ပင်လျှင် အဖြူရောင် ဖြစ်နေလေရာ အဖြူအမဲ သဲသဲကွဲကွဲ ဖြစ်နေတော့သည်။ နောက်တစ်နှစ်တွင် ကမ္ဘာ့ဖလားပွဲကို ကျင်းပရမည်ကို သိသည့် မန်ဒဲလားသည် စပရင်းဘုခ်အသင်း၏ အရောင်နှင့် အသင်းသားများကိုပါ မူလအတိုင်းထားရန် တောင်အာဖရိက ရဂ်ဘီယူနီယံအဖွဲ့ကို သိမ်းသွင်းပြောဆိုသည်။ ထို့နောက်တွင် မန်ဒဲလားသည် အသင်းခေါင်းဆောင် ဖရန်စွာ ပီရဲနားနှင့် တွေ့ကြရာတွင် မန်ဒဲလားက ပြောင်ပြောင်တင်းတင်း ဖွင့်မပြောခဲ့ပေမဲ့ အကယ်၍ စပရင်းဘုခ်အသင်းသည် လူမည်းများ၏ ထောက်ခံအားပေးမှုကို ရရှိကာ ကမ္ဘာ့ဖလားပွဲတွင် အောင်ပွဲခံနိုင်လျှင် လူထုတစ်ရပ်လုံး စည်းလုံးညီညွတ်မှု ရရှိနိုင်မည်ဆိုသည့် မန်ဒဲလား၏ သဘောထားကို ဖရန်စွာ ပီရဲနား က ရိပ်မိလိုက်သည်။ မန်ဒဲလားကလဲ သူအကျဉ်းကျနေစဉ်အတွင်း သူ့အား ကြံ့ကြံ့ခိုင်ခိုင်ရှိစေရန်၊ မားမားမတ်မတ်ရပ်စေရန်နှင့် စိတ်ဓာတ်တက်ကြွစေသည့် Invictus ခေါင်းစဉ်ရှိ ကဗျာတစ်ပုဒ်ကို မျှဝေခဲ့သည်။ ကိုးကား ပြင်ပလင့်ခ် Official Website Invictus trailer at the Governing Dynamo ၂၀၀၉ ရုပ်ရှင်ဇာတ်ကားများ အမေရိကန် ရုပ်ရှင်ဇာတ်ကားများ အင်္ဂလိပ်ဘာသာစကား ရုပ်ရှင်ဇာတ်ကားများ တောင်အာဖရိက ရုပ်ရှင်ဇာတ်ကားများ အမေရိကန် အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားများ တောင်အာဖရိက အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%9B%E1%80%BE%E1%80%AD%20%28%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%29
ရုံးကုန်းရွာ၊ ရွှေကြာပင်
ရုံးကုန်းရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ရွှေကြာပင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၃၉၄၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရွှေကြာပင်ကျေးရွာအုပ်စုတွင် ကျား ၆၅၅ ဦး၊ မ ၇၇၉ ဦး၊ လူဦးရေ စုစုပေါင်း ၁၄၃၄ ဦးနေထိုင်သည်။ ကိုးကား နတ်တလင်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AF%E1%80%B6%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%80%E1%80%BC%E1%80%AC%E1%80%95%E1%80%84%E1%80%BA
ရိုင်းနဲ့
ရိုင်းနဲ့(Reine)သည် နော်ဝေနိုင်ငံ၊ နို့ဒ်လန်းဒ် ဖင့်လ်ကဲ့ (Nordland)၊ မော့စ်ကဲနက်စ် (Moskenes) မြူနီစီပယ်အုပ်ချုပ်ရေးဒေသ၏ ဗဟိုရုံးစိုက်ရာ တံငါရွာတစ်ခု ဖြစ်သည်။ ၎င်းရွာသည် တရွန်မ်စား(Tromsø) မြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၃၀၀ (မိုင် ၁၉၀) အကွာအဝေးတွင်ရှိပြီး၊ အာတိတ်စက်ဝိုင်းအထက်ရှိ လိုဖို့တဲန်(Lofoten)ကျွန်းစုရှိ မော့စ်ကဲနက်စ်ကျွန်း(Moskenesøya)ပေါ်တွင်တည်ရှိသည်။ ရွာ၏ အကျယ်အဝန်းမှာ ၀.၂၈ စတုရန်းကီလိုမီတာ (၆၉ ဧက)ရှိပြီး၊ လူ ဦး ရေ (၂၀၁၈) တွင် ၃၁၄ ဦး ရှိသည်။ ရိုင်းနဲ့ရွာ မြင်ကွင်းများ ကိုးကား နော်ဝေနိုင်ငံရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%B2%E1%80%B7
တောင်မဲသင်းရွာ၊ ပင်လောင်းမြို့နယ်
တောင်မဲသင်းရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၂၃၈၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လုံးပျဉ်ကျေးရွာအုပ်စုတွင် ကျား ၅၉၉၈ ဦး၊ မ ၆၁၂၈ ဦး၊ လူဦးရေ စုစုပေါင်း ၁၂၁၂၆ ဦးနေထိုင်သည်။ ဒေသအခေါ်မှာ ကောက်မဲသင်း ဖြစ်သည်။ ကိုးကား ပင်လောင်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%B2%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%84%E1%80%BA%E1%80%9C%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
နမ့်ဟူးရွာ၊ ပန်လောင်း
နမ့်ဟူးရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ ပန်လောင်း ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၉၇၁၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပန်လောင်း ကျေးရွာအုပ်စုတွင် ကျား ၂၆၅၆ ဦး၊ မ ၂၇၇၂ ဦး၊ လူဦးရေ စုစုပေါင်း ၅၄၂၈ ဦးနေထိုင်သည်။ ကိုးကား တန့်ယန်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%99%E1%80%B7%E1%80%BA%E1%80%9F%E1%80%B0%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%94%E1%80%BA%E1%80%9C%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
နတ်စုရွာ၊ ပုသိမ်ကြီးမြို့နယ်
နတ်စုရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ တလိုင်းရှည် (တောင်)ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၇၃၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တလိုင်းရှည် (တောင်)ကျေးရွာအုပ်စုတွင် ကျား ၁၀၃၅ ဦး၊ မ ၁၁၆၇ ဦး၊ လူဦးရေ စုစုပေါင်း ၂၂၀၂ ဦးနေထိုင်သည်။ ကိုးကား ပုသိမ်ကြီးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%90%E1%80%BA%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%AF%E1%80%9E%E1%80%AD%E1%80%99%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ထိပ်တင်စုဘုရားမြတ်
ဤဘွဲ့ကို နန်းတက်စိုးစံနိုင်ခြင်းမရှိတော့သော ကုန်းဘောင်မင်းဆက် အနွယ်တော် မင်းသမီးငယ်များအတွက်သုံးသည်။ အနွယ်တော်မင်းသမီးငယ်များဟူသည်မှာ မင်းတုန်းမင်း၏ သားတော်သမီးတော် (သီပေါမင်းအနွယ်တော်မင်းသမီးများမပါဝင်)များမှ ပေါက်ဖွားဆင်းသက်သူအားလုံးအတွက်ရည်ရွယ်သည်။ ဘွဲ့တော်
https://my.wikipedia.org/wiki/%E1%80%91%E1%80%AD%E1%80%95%E1%80%BA%E1%80%90%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%98%E1%80%AF%E1%80%9B%E1%80%AC%E1%80%B8%E1%80%99%E1%80%BC%E1%80%90%E1%80%BA
README.md exists but content is empty. Use the Edit dataset card button to edit it.
Downloads last month
25
Edit dataset card